Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-27 08:58:47

28.10.2024 – 30th week Monday in Ordinary Time;
အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၃၀ကြိမ်မြောက် သာမန်ကာလတနင်္လာနေ့  
Luke 6:12-16- ဧဝံဂေလိကျမ်း ရှင်လုကာ ၆:၁၂-၁၆
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သခင်ယေဇူးက တမန်တော်၁၂ ပါးကို ရွေးချယ်ခြင်းအကြောင်းကိုဖော်ပြထားပါတယ်။ ထိုသို့ တမန်တော်များကိုရွေးချယ်ခြင်းမပြုလုပ်ခင်မှာ သခင်ယေဇူးကတောင်ပေါ်ကို တက်ကြွသွားပြီးဘုရားသခင်ကိုတစ်ညလုံးဆုတောင်းပဌနာပြုလျှက်နေသည်လို့ ဖော်ပြထားပါတယ်။ မနက်မိုးလင်းတဲ့အခါမှသာတပည့်တော်တို့ကို ခေါပြီး တမန်တော်၁၂ ပါးကို ရွေးချယ်ကြောင်းဖော်ပြထားပါတယ်။သခင်ယေဇူးက ဘုရားသခင်ကို ဆုတောင်းတဲ့အခါမှာခဏလေးဆုတောင်းတာ မဟုတ်ပဲတစ်ညလုံးတောင်းတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့် တမန်တော် ၁၂ ပါးကိုရွေးချယ်ခြင်းအတွက် သခင်ယေဇူးက သာမန်လောက်သာသဘောထားခြင်း မဟုတ်ပဲ ဘုရားသခင်နဲ့သေသေချာချာ အချိန်ယူခဲ့တယ်။ တမန်တော် ၁၂ ပါးကို ရွေးချယ်ခြင်းကို သခင်ယေဇူးကအလေးအနက်ထားခဲ့တယ်လို့ ဆင်ခြင်ရပါတယ်။ပြီးတော့ ထိုရွေးချယ်ထားသောတမန်တော် ၁၂ ပါးတို့ကိုပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့်သူ့ညီအန္ဒြေ၊ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊ မဿဲနှင့်သောမ၊အာလဖဲ၏သားယာကုပ်နှင့်ဇေလုပ်ဟုခေါ်ဝေါ်သောရှိမုန်၊ယာကုပ်၏ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသောယုဒရှကာရုတ်ဆိုပြီး တိတိကျကျ မှတ်တမ်းတင်ထား တာကိုတွေ့ရပါတယ်။သခင်ယေဇူး၏ လုပ်ဆောင်ချက်ကို ကြည့်ခြင်းဖြင့် (၁) ကျွန်ုပ်တို့ကို ရွေးနှုတ်ဖို့အတွက်သခင်ယေဇူးက အလေးအနက်ထားပြီး အချိန်ယူခဲ့ကြောင်းတွေ့ရပါတယ်။ (၂)ကျွန်ုပ်တို့အနေနှင့်လည်း ဘုရားသခင်အပ်နှင်းထားသောသာသနာကို လုပ်ဆောင်သည့်အခါတွဲဖက်လုပ်ဆောင်မည့်သူများ၊အခြားသူများကို တာဝန်ပေးအပ်သည့်အခါတွင် သခင်ယေဇူးကဲ့သို့ ဘုရားသခင်နှင့် သေသေချာချာ အချိန်ယူပြီး ပြင်ဆင်ရန် ဆင်ခြင်ရပါတယ်။အိုအဖဘုရား လုပ်ဆောင်ရမည့်အမှုအရာများအတွက် ဦးစွာကိုယ်တော်နှင့်တိုင်ပင် ဆုတောင်းပြီးလမ်းညွှန်ချက်ကိုရယူရန် ကျွန်ုပ်တို့ကို မစတော်မူပါ။သခင်ယေဇူး၏လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်တတ်ရန် ဆက်လက် ကူညီတော်မူပါ။ သခင်ယေဇူးနာမ၌ဆုတောင်းပါ၏။ အာမင်။

Daily Reflection