Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-28 05:18:36

29.10.2024 – 30th week Tuesday in Ordinary Time;
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၄၊ ၃၀ကြိမ်မြောက် သာမန်ကာလအင်္ဂါနေ့  
Luke 13:18-21- ဧဝံဂေလိကျမ်း ရှင်လုကာ ၁၃:၁၈-၂၁
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 သခင်ယေဇူးက ဘုရားသခင်နိုင်ငံတော်အကြောင်းကို ဥပမာပေးပြီးရှင်းပြနေခြင်းဖြစ်ပါတယ်။လူတယောက်ကမုန်ညင်းစေ့ကိုယူပြီး ဥယျာဉ်မှာစိုက်ပျိုးပါတယ်။ ထိုအစေ့ကကြီးပွါးပြီးတော့ အပင်ကြီးဖြစ်သွားတဲ့အခါမှာ မိုးကောင်းကင်ငှက်တို့ကအကိုင်းအခက်တို့မှာနားနေမှီခိုကြတယ်လို့ ဖော်ပြပါတယ်။မုန်ညင်းစေ့ဟာအစေ့တကာ့အစေ့တွေထဲမှာ အသေးငယ်ဆုံးအစေ့ဖြစ်လို့တချိန်မှာအပင်ကြီးဖြစ်သွားပြီး ငှက်တွေများစွာက မှီခိုရတဲ့အပင်ကြီးဖြစ်သွားပါတယ်။ဒီလိုပါပဲ ဘုရားသခင်နိုင်ငံတော်ဟာ သခင်ယေဇူးအားဖြင့်ဒီကမ္ဘာမြေကြီးအပေါ်မှာအစပြုခဲ့ပါတယ်။ ဒီလိုအစပြုတဲ့အချိန်မှာတော့သိသာထူးခြားခြင်းမရှိခဲ့ပါဘူး။ သို့ပေမဲ့ အချိန်ကာလပြီးပြည့်စုံတဲ့အချိန်ရောက်လာတဲ့အခါမှာဘုရားသခင်၏နိုင်ငံတော်ကြီးမားလာတာကိုမြင်တွေ့ရမယ်လို့ သခင်ယေဇူးကဖော်ပြနေပါတယ်။ မိန်းမတဦးက တဆေးကို ယူပြီးမုန့်ညက်သုံးတင်းထဲမှာရောပြီးနယ်လိုက်တဲ့အခါမှာတဆေးကြောင့် မုန်ညက်ကဖောင်းပွလာတယ်လို့ ဆိုပါတယ်။ဆိုလိုတာကဘုရားသခင်၏နိုင်ငံတော် တည်ထောင်ခြင်းကိုယခုအချိန်(သခင်ယေဇူးပြောနေသောအချိန်)မှာတော့ မထင်ရှားသေးဘူး။ဘုရားသခင်သတ်မှတ်တဲ့အချိန်ကာလရောက်လာတဲ့အခါမှာ ဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ခြင်းကို မုန့်ညက်ကဖောင်းပွလာသကဲ့သို့ အားလုံးကထင်ထင်ရှားရှားသိမြင်လာကြလိမ့်မယ်လို့ သခင်ယေဇူးက ပြောဆိုနေပါတယ်။ ထိုသို့ပြောဆိုနေချိန်အတွင်းမှာပင်ဘုရားသခင်၏နိုင်ငံတော်က ထိုအချိန်ကာလ လူ့အသိုင်းအဝိုင်းထဲမှာ စိမ့်ဝင်ပျံ့နှံ့နေပြီး၊မာရ်နတ်၏လုပ်ဆောင်ချက်များကိုချေဖျက်ခြင်း၊ နတ်ဆိုးများကိုနှင်ထုတ်ခြင်းနှင့်လူတို့ရဲ့အသက်တာများပြောင်းလဲသွားခြင်းကိုတွေ့ကြုံနေကြရပြီ  ဖြစ်ပါတယ်။ကျွန်ုပ်တို့အနေနဲ့ သခင်ယေဇူးကို ယုံကြည်ခြင်းဖြင့်နိုင်ငံတော်သားဖြစ်ဖို့ရန်နှင့်၊ယုံကြည်ခြင်းမှာတည်မြဲနေဖို့ မိမိအသက်တာကိုပြင်ဆင်ဆင်ခြင်ရမှာဖြစ်ပါတယ်။အိုအဘ၊သခင်ယေဇူးခရစ်တော်၏ကျေးဇူးတော်အားဖြင့်ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ရသောကြောင့်ကျေးဇူးတင်ပါ၏။ နောင်တချိန်မှာဘုရားသခင့်နိုင်ငံတော်၏ကြီးပွါးပြည့်စုံခြင်းကို မြင်တွေ့ရမည်ကိုဝမ်းမြောက်ပါ၏။ ယခုအချိန်ကြုံတွေ့ခံစားရသောဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခြင်း၏အကျိုးများအတွက်လည်းကျေးဇူးတော်ကို ချီးမွမ်းပါ၏။သခင်ယေဇူးကိုယုံကြည်ခြင်း၌တည်ကြည်ခိုင်မြဲသောအသက်တာဖြစ်ရန် မစတော်မူပါ။သခင်ယေဇူးနာမ၌ဆုတောင်းပါ၏။ အာမင်။

Daily Reflection