30.10.2024 – 30th week Wednesday in Ordinary Time;
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၄၊ ၃၀ကြိမ်မြောက် သာမန်ကာလဗုဒ္ဓဟူးနေ့
Luke 13:22-30 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၃:၂၂-၃၀
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
လူတဦးကသခင်ယေဇူးကို “သခင်၊ ကယ်တင်ခြင်းသို့ရောက်သောသူတို့သည် များသလော၊နည်းသလော။” လို့ လာမေးပါတယ်။သခင်ယေဇူးက“ကျဉ်းမြောင်းသောတခါးဝကို ဝင်ခြင်းငှါကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊အများသောသူတို့သည် ဝင်ခြင်းငှါကြိုးစားအားထုတ်သော်လည်း မစွမ်းနိုင်ကြ။”လို့ပြန်ပြောလိုက်ပါတယ်။ကယ်တင်ခြင်းသို့ရောက်ဖို့ရန်အတွက်သခင်ယေဇူးဆိုတဲ့တံခါးအားဖြင့်သာ ဝင်လို့ရပါတယ်။သို့သော်လည်း ထိုတံခါးဝက ကျဉ်းမြောင်းပါတယ်။ ဧဝံဂေလိတရားကို ယုံကြည်ခြင်း၊ စစ်မှန်သောနောင်တရခြင်း၊ သခင်ယေဇူးနောက်သို့ လိုက်ခြင်းဖြင့် ထိုတံခါးဝသို့ဝင်ရန်ဖြစ်ပါတယ်။ လူအများကယ်တင်ခြင်းသို့ရောက်လိုသော်လည်း ထိုသို့ ပြုလုပ်ရန် ခက်ခဲနေကြပါတယ်။ ဧဝံဂေလိတရားကိုယုံကြည်ဖို့၊ နောင်တရဖို့၊သခင်ယေဇူးနောက်ကိုလိုက်ဖို့ လူအများအတွက်ခက်ခဲနေကြပါတယ်။သို့ပေမဲ့ထိုလို့ လုပ်ဆောင်ဖို့ရန် အရေးကြီးသောကြောင့် ကြိုးစားကြရမည် ဖြစ်ပါတယ်။အိမ်ရှင်ကတံခါးကို ပိတ်ပြီးချိန်လူတို့က“သခင်၊ သခင်၊အကျွန်ုပ်တို့ကိုဖွင့်ပေးပါ”လို့အခွင့်တောင်းတဲ့အခါ အိမ်ရှင်က“သင်တို့သည် အဘယ်ကလာသည်ကိုငါမသိ”အပြင်ကလူတွေကကျွန်တော်တို့ ကိုယ်တော်နဲ့အတူစားသောက်ဖူးပါတယ်၊ ကျွန်တော်တို့နေတဲ့ မြို့ရွာမှာလည်း ကိုယ်တော်ကဆုံးမဩဝါဒပေးဖူးပါတယ်”လို့ ပြန်ပြောသော်လည်း အိမ်ရှင်က “သင်တို့သည်အဘယ်ကလာသည်ကို ငါမသိ၊မတရားသောအမှုကို ပြုသောသူအပေါင်းတို့ ငါ့ထံမှဖယ်သွားကြ။”ဟု သခင်ယေဇူးကပြောပါတယ်။ အကြောင်းရင်းက နောင်တမရ၊ ဧဝံဂေလိတရားကိုမယုံကြည်ခဲ့ကြလို့၊ လိုက်နာကျင့်ဆောက်တည်ခြင်း မရှိခဲ့ကြလို့ ဖြစ်ပါတယ်။