Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-30 06:10:12

31.10.2024 – 30th week Thursday in Ordinary Time;
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၄၊ ၃၀ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့  
Luke 13:31-35- ဧဝံဂေလိကျမ်း ရှင်လုကာ၁၃:၃၁-၃၅
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဟေရုဒ်မင်းက ကိုယ်တော်ကို ကြံစည်ရန်ရှိလို့ဒီနေရာကနေထွက်သွားပါ”လို့ ဖာရိရှဲတွေက သခင်ယေဇူးကိုလာပြောကြပါတယ်။ သခင်ယေဇူးက ထိုသူတို့ရဲ့သတိပေးခြင်း၊ ဟေရုဒ်အကြံအစည်ကို ကြောက်ရွံ့မနေပဲ၊ သူ့အစီအစဉ်ဖြစ်တဲ့ နတ်ဆိုးနှင်ထုတ်ခြင်း၊ အနာရောဂါငြိမ်းစေခြင်းတို့ကိုဆက်လုပ်ဆောင်နေဦးမယ်လို့ ဟေရုဒ်မင်းကို ပြန်ပြောခိုင်းလိုက်ပါတယ်။ သခင်ယေဇူးကဟေရုဒ်မင်းကို မြေခွေးလို့ ခိုင်းနှိုင်းပြောဆိုကာဟေရုဒ်မင်းက ကောက်ကျစ်သူ၊ ဖျက်ဆီးတတ်သောသူလို့ သခင်ယေဇူးကဆိုလိုတာဖြစ်ပါတယ်။ယေရုရှလင်မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှမဆုံးရာ။”လို့ ယေဇူးကပြောပါတယ်။ ဆိုလိုရင်းက သခင်ယေဇူးကို တကယ်အန္တရာယ်ပြု မည့်သူတွေက ဟေရုဒ်မင်းမဟုတ်ပဲ ဖာရိဇေဦးများကဲ့သို့သောဘာသာရေးခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကို ဆင်ခြင်တဲ့အခါ ကျွန်ုပ်တို့ကိုသတင်းကောင်းကိုကြေညာဟောပြောသက်သေခံဖို့ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၊ အသင်းတော်၊အသိုင်းအဝန်းသို့ ဘုရားသခင်ကစေလွှတ်သော လူပုဂ္ဂိုလ်တို့ကို ကျွန်ုပ်တို့က ငြင်းပယ်လျစ်လျူရှုမိပါသလား? သူတို့ပြောသော စကားတို့ကို ငြင်းပယ်မိပါသလား? လို့ ဆင်ခြင်မေးခွန်းထုတ်မိပါတယ်။ ထိုသို့မပြုမိရန် ကျွန်ုပ်တို့သတိပြုရမည် ဖြစ်ပါတယ်။

Daily Reflection