နိုဝင်ဘာလ ၁ ရက်နေ့၊ ၂၀၂၄၊ စနေ့နေ့၊သာမန်ကာလ ၃၀ ကြိမ်မြောက်
All Saints - ရဟန္တာပေါင်းပွဲ (သူတော်သူမြတ်အပေါင်းပွဲတော်ကြီး)
ပထမကျမ်းဗျာဒိတ်တော်ကျမ်း 7: 2-4,9-14
Reflection by Rev.Fr. Bosco Saw Lar Htoo
Posted by Sr.Benedetta Myat Hnin Nwe ISR
2. တစ်ဖန် အသက်ရှင်တော်မူသော ဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လာသော ကောင်းကင်တမန်တော်တစ်ပါးသည် 09403743310ယ်တို့ကို ဖျက်ဆီးခွင့်ရရှိထားသော ကောင်းကင်တမန်တော်လေးပါးအား ကျယ်သောအသံနှင့် ခေါ်လျက်၊3. ဆိုသည်ကား ငါတို့ဘုရား သခင်၏အစေခံတို့အား ၎င်းတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်ပြီးသည်အထိ မြေပြင်၊ ပင်လယ်နှင့် သစ်ပင်တို့ကို မဖျက်ဆီးနှင့်ဟူ၍ဖြစ်၏။4. ထို့နောက် တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရာအဲလ်အမျိုးအနွယ် အသီးသီးမှ တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်မှာ တစ်သိန်းလေးသောင်းလေး ထောင်ဖြစ်လေ၏။ထို့နောက် ငါကြည့်လိုက်သောအခါ အဘယ်လူသားမျှ မရေမတွက်နိုင်အောင် များပြားလှသောလူအစု အဝေးကြီးကို မြင်ရ၏။ ထိုသူတို့သည် တိုင်းနိုင်ငံပေါင်းစုံ၊ အမျိုးအနွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံမှ လူများဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူများကိုဝတ်ဆင်ထားပြီး မိမိတို့လက်များတွင် စွန်ပလွံခက်များ ကိုင်ဆောင်ထားကြလျက် ပလ္လင်တော်နှင့် သိုးငယ်တော်ရှေ့တွင် ရပ်နေကြ၏။ 10. ထို့နောက် သူတို့က ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသော အကျွန်ုပ်တို့၏ ဘုရားသခင်နှင့် သိုးငယ်တော်ထံမှ ထွက်ပေါ်လာပေသည်ဟူ၍ ကျယ်သောအသံဖြင့် ကြွေးကြော်ကြလေ၏။11. ထိုအခါ ပလ္လင်တော်ကိုလည်းကောင်း၊ သက်ကြီးဝါကြီးများနှင့် သက်ရှိသတ္တဝါလေးဦးတို့ကိုလည်းကောင်း ဝန်းရံလျက် ရပ်နေကြသော ကောင်းကင်တမန်တော်အပေါင်းတို့သည် ပလ္လင်တော်ရှေ့တွင် ပျပ်ဝပ်၍ ဘုရားသခင်အား ရှိခိုးကိုးကွယ်လျက်၊12. ဆိုကြသည်မှာ အာမင်၊ အကျွန်ုပ်တို့၏ဘုရားအထံတော်၌ ကောင်းချီးမင်္ဂလာ၊ ဘုန်းဂုဏ်တော်၊ ဉာဏ်ပညာ၊ ကျေးဇူးဆပ်တင်ခြင်း၊ ချီးမွမ်းဩဘာနှင့် တန်ခိုးအာနုဘော်တို့သည် ကာလအဆက်ဆက်ရှိပါစေသော်၊ အာမင်ဟူ၍ဖြစ်သတည်း။13. ထိုအခါ သက်ကြီးဝါကြီးတို့အထဲမှတစ်ဦးက ဝတ်ရုံဖြူကို ဆင်မြန်းထားသောဤသူတို့ကား မည်သူတို့နည်း၊ သူတို့သည် မည်သည့်အရပ်က လာကြသနည်းဟု ငါ့အားမေးလေ၏။14. ငါကလည်း သခင်၊ အရှင်သိပါသည်ဟု ပြန်ဖြေသောအခါ သူက ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခမှ လွတ်မြောက်လာကြသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်ရုံများကို သိုးငယ်တော်၏သွေး၌ ဆေးကြော၍ ဖြူစင်စေခဲ့ကြပြီ။- ဒုတိယကျမ်း၁ ရှင်ယောဟန် 3: 1-3
1. ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ် ဆိုခြင်းခံရသည်ကိုထောက်၍ အဖခမည်းတော်ဘုရားသည် ငါတို့ကို မည်သို့ သောချစ်ခြင်းဖြင့် ချစ်တော် မူကြောင်း သိမြင်ကြလော့။ ငါတို့သည်လည်း အမှန်ပင်ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ ကမ္ဘာလောက သည် ငါတို့ကို မသိသည့်အကြောင်းရင်းမှာ ၎င်းသည် ကိုယ်တော့်ကို မသိခြင်းပင်ဖြစ်၏။2. ချစ်မိတ်ဆွေတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ နောင်တွင် ငါတို့သည် မည်ကဲ့သို့သောသူများ ဖြစ်မည်ကို မသိရသေးသော်လည်း ကိုယ်တော်ကြွလာတော်မူသော အခါငါတို့သည် ကိုယ်တော်ကဲ့သို့ဖြစ်ကြလိမ့်မည်ကို ငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် ကိုယ်တော့်ကို ပကတိအရှိအတိုင်း ဖူးမြင်ကြရမည်ဖြစ်သောကြောင့်တည်း။3. ဤကဲ့သို့ ကိုယ်တော်၌ မျှော်လင့်ထားသောသူ တိုင်းသည် ကိုယ်တော်ကဲ့သို့သန့်ရှင်းစင်ကြယ်ခြင်းရှိရန် မိမိကိုယ်ကို သန့်စင်ကြလေ၏။
မာတေဦး 5: 1-121. ကိုယ်တော်သည် လူအစုအဝေးတို့ကိုမြင်လျှင် တောင်ပေါ်သို့တက်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထိုင်တော်မူ သောအခါ တပည့်တော်တို့သည် အထံတော်သို့ စုဝေးလာကြ၏။2. ထိုအခါ ကိုယ်တော်သည် မိမိ၏နှုတ်တော်ကိုဖွင့်၍ သူတို့အား ဟောပြောသွန်သင်တော် မူသည်ကား၊3. အတွင်းစိတ်၌ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။4. ဝမ်းနည်းငိုကြွေးသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းခံကြရလိမ့် မည်။5. စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် မြေကို အမွေခံ ကြရလိမ့်မည်။6. ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် လိုအင် ဆန္ဒပြည့်၀ ကြလိမ့်မည်။7. သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်း ခံကြရလိမ့်မည်။8. စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။9. ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သော သူ တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် ဘုရားသခင် ၏သားများဟု အခေါ်ခံကြရလိမ့်မည်။10. ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက် ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်း မူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံ ဖြစ်၏။11. လူတို့သည် ငါ့အတွက်ကြောင့် သင်တို့ကို စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချ ကြသောအခါ သင်တို့ သည် မင်္ဂလာရှိကြ၏။12. ရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား ကောင်း ကင်နိုင်ငံတော်၌ သင်တို့ခံစားရမည့်ဆုလာဘ်သည် ကြီး မားလှပေ၏။ သူတို့သည် သင်တို့မတိုင်မီရှိခဲ့သော ပရော ဖက်များကိုလည်း ဤနည်းတူညှဉ်းဆဲခဲ့ကြ၏။
ထောက်ရှုချက် သူတော်သူမြတ်အားလုံးတို့၏ပွဲတော်ကြီးတနေ့မှာ ဆရာတော်ကြီးက ဘုရားကျောင်းတက်နေတဲ့ ဘာသာသူတွေကိုမေးပါတယ်။"သင်တို့အထဲ့မှာ ကောင်းကင်နိုင်ငံသွားချင်သောသူများ လက်ထောင်ပါ။"ဘုရားကျောင်းထဲမှဘာသာသူအားလုံးလက်ထောင်ခဲ့ကြတယ်။ဆရာတော်ကမေးခွန်းထပ်မေးပါတယ်။" သင်တို့အထဲမှာ ရဟန္တာဖြစ်လိုသောသူများ လက်ထောင်ပါ"ဒီတစ်ကြိမ်မှာ လူတွေက ဟိုကြည့်ဒီကြည့်နဲ့လက် မထောင်ရဲခဲ့ကြပါဘူး။ယခုကျမ်းစာထောက်ရှုချက်ဖတ်ရှုနေတဲ့သင်ဆိုရင်ကော ဘယ်လိုတုန့်ပြန်လိမ့်မလဲ။အမှန်တော့ ကက်သလစ်သာသနာမှာ ကောင်းကင်နိုင်ငံရောက်သူတိုင်းကို ရဟန္တာ (သူတော်သူမြတ်) လို့ခေါ်ပါတယ်။ကျွန်ုပ်တို့မှာသွားစရာလမ်းနှစ်လမ်းပဲရှိတယ်။အဲဒါတွေကတော့ - ကောင်းကင်ဘုံ နဲ့ငရဲဘုံ ပါပဲ။ဆိုလိုတာက ကောင်ကင်ကိုသွားရင်သွား၊ မသွားရင်တော့ သွားရမယ့်နေရာကငရဲပါပဲ။ထမ်ပြီးရှင်ပြရမယ်ဆိုရင်- ကျွန်ုပ်တို့တွေ ရဟန္တာဖြစ်ရင်ဖြစ်၊ မဖြစ်ဘူးဆိုရင်တော့ ငရဲသားဖြစ်ဖို့ပဲရှိတယ်။ဘုရားသခင်က ကျွန်ုပ်တို့အားလုံးကို ရဟန္တာဖြစ်ဖို့ခေါ်ထားတာဖြစ်ပါတယ်။ဘယ်လိုလူတွေဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရမှာလဲ။ဘုရားသခင်၏ မျက်မှောက်၌ မင်္ဂလာရှိသောသူများ သာဝင်ကြရမှာဖြစ်ပါတယ်။ဘယ်လိုလူတွေက ဘုရားရှင် ရဲ့မျက်မောက်မှာ မင်္ဂလာရှိပါသလဲ။အတွင်းစိတ်၌ ဆင်းရဲသောသူများဝမ်းနည်းငိုကြွေးသောသူများ စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူများဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသောသူများ သနားကြင်နာတတ်သောသူများစိတ်နှလုံးရိုးသားဖြူစင်သောသူများ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သောသူများဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက် ခြင်းခံရသောသူများဘုရားသခင် အတွက်ကြောင့် လူတို့၏ စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချခံ ကြသောသူများ ဤသူအားလုံးဟာ ဘုရားရှင် ၏ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင်ရမည့်သူများဖြစ်ပါတယ်။ရဟန္တာဖြစ်ဖို့ဆိုတာကတော့ လွယ်လွယ်နဲ့တော့မရပါဘူး။ရှင်ပေါလုက (တမန်တော်ဝတ္ထု 14: 22) သတိပေးခဲ့တာက-" ငါတို့သည် မြောက်များလှစွာသောဆင်းရဲဒုက္ခတို့ကို ခံယူ ထမ်းရွက်ခြင်းဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြရမည်"ကောင်းကင်နိုင်ငံမရောက်ခင်တော့ ဒုက္ခဆင်းရဲခြင်း တွေရင်ဆိုင်ရမည်ဖြစ်ပါတယ်။ကျွန်ုပ်တို့ အားလုံးသည် ဘရားသခင်၏သားသမီးများဖြစ်သည့်အတွက် မည်သို့ပင်ဒုက္ခဆင်ရဲခင်းတွေပါစေ ဖြောင့်မတ်တဲ့ ဘဝအသက်တာကိုရှင်သန်ကြရပါမည်။