7.11.2024 – 31st week Thursday in Ordinary Time;
နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၄၊ သာမန်ကာလ (၃၁) ကြိမ်မြောက် သီတင်းပတ် ကြာသာပတေးနေ့
ရှင်လုကာ၁၅း၁-၁၀, Luke 15:1-10,
Reflection By Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုအချိန်တွင် အခွန်ခံသူတို့နှင့်အပြစ်ရှိသူတို့သည် ကိုယ်တော်၏တရားတော်ကိုကြားနာရန် အထံတော်သို့ ချဉ်းကပ်လာကြ၏။ထိုအခါ ဖာရီဇေးဦးတို့နှင့်ကျမ်းတတ်ဆရာတို့က ဤသူသည် အပြစ်ရှိသောသူတို့ကို လက်ခံ၍သူတို့နှင့်အတူ စားသောက်ပါသည်တကားဟု ပြစ်တင်ပြောဆိုကြ၏။ကိုယ်တော်ကလည်း သူတို့အားဤပုံဥပမာကိုမိန့်တော်မူ၏။သင်တို့တွင်မည်သူသည် သိုးအကောင်တစ်ရာရှိ၍ ၎င်းတို့ထဲမှသိုးတစ်ကောင်ပျောက်ဆုံးသွားလျှင် ကိုးဆယ့်ကိုးကောင်ကိုတော၌ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကိုတွေ့သည့်တိုင်အောင် သွား၍မရှာဘဲ နေမည်နည်း။သူသည်ထိုသိုးကိုတွေ့သောအခါ ဝမ်းမြောက်ဝမ်းသာဖြင့်၎င်းကိုပခုံးထက်တွင် တင်လေ၏။ ထို့နောက်သူသည် အိမ်သို့ပြန်ရောက်လျှင်မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်၍ ငါနှင့်အတူဝမ်းမြောက်ကြလော့။ အကြောင်းမူကား ပျောက်သောသိုးကို ငါပြန်တွေ့ပြီဟု သူတို့အား ဆိုလိမ့်မည်။ထိုနည်းတူသင်တို့အား ငါဆိုသည်ကား နောင်တရရန်မလိုအပ်သောဖြောင့်မတ် သူကိုးဆယ့်ကိုးယောက်တို့ထက်နောင်တရလာသော အပြစ်သားတစ်ယောက်အတွက်ကြောင့် ကောင်းကင်ဘုံ၌ ပို၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်။တစ်နည်းဆိုရသော် မည်သည့်အမျိုးသမီးသည် ငွေဒင်္ဂါးပြားဆယ်ပြားရှိ၍ တစ်ပြားပျောက်သွားလျှင် ဆီမီးခွက်ကိုထွန်းပြီး အိမ်ကိုလှည်းကျင်းလျက် ထိုဒင်္ဂါးကိုပြန်မတွေ့မချင်း လုံ့လဝီရိယဖြင့်လိုက်မရှာဘဲနေမည်နည်း။သူမသည် ထိုငွေဒင်္ဂါးကိုတွေ့သောအခါ သူမ၏မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ် ပြီးမှ ငါနှင့်အတူဝမ်းမြောက်ကြလော့။အကြောင်းမူကား ပျောက်သွားသောငွေဒင်္ဂါးကို ငါပြန်တွေ့ ပြီဟုဆိုလိမ့်မည်။ထိုနည်းတူ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့သည် နောင်တရသော အပြစ်သား တစ်ယောက်အတွက် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”ထောက်ရှုချက်"သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏ကောင်းကင်တမန်တော်တို့သည်နောင်တရသောအပြစ်သားတစ်ယောက်အတွက်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်"လုကာ 15:1 ယေဇူးသခင်လုပ်နေတာကသူတို့လုပ်သင့်တဲ့အလုပ်တွေကိုလုပ်နေတာပါ။အဲ့ဒီအလုပ်ကတော့ အပြစ်သားတွေကိုကယ်တင်ဖို့၊မှားနေတဲ့လမ်းမှ လမ်းမှန်ဆီသို့ပြန်လည်ခေါ်ဆောင်ဖို့လုပ်နေတာဖြစ်ပါတယ်။ဘုရားရှင်က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှပျက်စီးဆုံးရှုံးမှာကို မလိုလားပါဘူး။ ဒါကြောင့် သိုးထိမ်းတွေကလည်းပျောက်နေတဲ့၊ လမ်းမှားရောက်တဲ့မိမိရဲ့သိုးတွေကိုလိုက်ရှာဖို့လိုတယ်။လမ်းမှားနေသူတွေဟာလည်းမိမိရဲ့သိုးထိမ်းသံကိုကြားပြီးတရားလမ်းအတိုင်း ပြန်လည်လျှောက်လှမ်းကြဖို့လိုအပ်ပါတယ်။