28.11.2024 - Thursdar of Weeks 24; St.Catherine Laboure
နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ကြာသာပတေး၊ သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်
ရှင်လုကာ 21:20-28
Reflection by Rev. Fr. Bosco Saw Lar Htoo
Posted by Sr.Benedetta Myat Hnin Hwe,ISR
“သို့ရာတွင် ဂျေရုဆလင်မြို့အား စစ်သည်များဝိုင်းရံလျက်ရှိသည်ကိုသင်တို့မြင်ရသောအခါ ထိုမြို့၏ ပျက်စီးဆိတ်သုဉ်းခြင်းသည် နီးလာပြီဟုသိမှတ်ကြလော့။ထိုအခါ ဂျူဒေးယပြည်တွင် ရှိသောသူတို့သည် တောင်ကုန်းများဆီသို့ ထွက်ပြေးကြစေ။ မြို့တွင်း၌ ရှိသောသူတို့သည် မြို့မှထွက်ခွာကြစေ။တောအရပ်၌ ရှိကြသောသူတို့သည်လည်း မြို့တွင်းသို့မဝင်ကြစေနှင့်။အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာတော်မြတ်၌ရေးထားသမျှ ပြည့်စုံစေခြင်းငှာ အပြစ်ဒဏ်စီရင်မည့် နေ့ရက်များဖြစ်သောကြောင့်တည်း။ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်သော မိန်းမတို့နှင့် နို့စို့သူငယ်ရှိသော မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။ အကြောင်း မူကား ကမ္ဘာမြေကြီးပေါ်၌ ဆင်းရဲဒုက္ခကြီးစွာ ကျရောက်၍ ဤလူမျိုးအပေါ်သို့လည်း အမျက်တော် သက်ရောက်လိမ့်မည်။သူတို့သည် ဓားလက်နက်ဘေးဖြင့်သေဆုံးကြ၍ သုံ့ပန်းများအဖြစ် တိုင်းနိုင်ငံအပေါင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံကြရလိမ့်မည်။ လူမျိုးခြားတို့ ကြီးစိုးသည့်အချိန်ကာလ မကုန်မချင်းဂျေရုဆလင်မြို့သည် ထိုသူတို့၏ နင်းခြေခြင်းကိုခံရလိမ့်မည်။နေ၊လနှင့်ကြယ်များ၌ နိမိတ်လက္ခဏာများ ဖြစ်ပေါ်လာလိမ့်မည်။ကမ္ဘာပေါ်၌လည်း ပင်လယ်နှင့် လှိုင်းတံပိုးတို့၏ မြည်ဟီးသံကြောင့် စိတ်ရှုပ်ထွေးနေကြသော လူမျိုးအပေါင်းတို့သည် ပူပင်သောကရောက်ကြလိမ့်မည်။လူတို့သည် ကမ္ဘာပေါ်၌ဖြစ်လတ္တံ့သော ဘေးဒုက္ခများကိုမျှော်တွေး၍ကြောက်ရွံ့တုန်လှုပ်ကြလျက်မေ့မြောလဲကျ ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်၏စွမ်းအားတန်ခိုးတို့သည် တုန်ခါကြလိမ့်မည်။ထို့နောက် လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်နှင့်မိုးတိမ်အတွင်းမှကြွလာတော်မူသည်ကို သူတို့မြင်ကြရလိမ့်မည်။ဤအခြင်းအရာများစတင်ဖြစ်ပေါ်လာသောအခါ သင်တို့သည် မျှော်ကြည့်ကြလျက် သင်တို့၏ဦးခေါင်းကို မော့ထားကြလော့။ အကြောင်းမူကား သင်တို့၏ ကယ်တင်ခြင်းသည် နီးလာလေပြီဟု မိန့်တော်မူ၏။”
ထောက်ရှုချက်"လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်အတွင်းမှကြွလာတော်မူသည်ကို သူတို့ မြင်ကြရလိမ့်မည်။"(ရှင်လုကာ 21:27)ယနေ့ဧဝံဂေလိတရားမှာ ယေဇူးသခင်ကပျက်စီးခြင်း၊ ရှုပ်ထွေးမှုများ၊ အကြမ်းဖက်မှုများဖြစ်ပွားခြင်းစသည်အကြောင်းအရာများကို မိန့်ကြားခဲ့ပါတယ်ကျွန်ုပ်တို့၏ဘဝ၏ဤအခိုက်အတန့်မှာ၊ နိုင်ငံရေးမငြိမ်မသက်မှုများကြောင့်ဖြစ်ပေါ်လာသောပြဿနာမျာကြောင့် ဒုက္ခအခက်အခဲများမသေချာမရေရာမှုများနှင့်တွေ့ကြုံရင်ဆိုင်နေရပါသည်။ကျွန်ုပ်တို့၏ကမ္ဘာကြီးကလည်း ကမောက်ကမဖြစ်နေရပါတယ်။ ကျွန်ုပ်တို့မှာလည်း ကိုယ်ရေးကိုယ်တာ ဆုံးရှုံးမှုများ၊အကျပ်အတည်းများကိုပင် ရင်ဆိုင်ခံစားနေကြရပြီး ကျွန်ုပ်တို့၏ဘဝများ မျှော်လင့်ချက် မရှိတော့သကဲ့သို့ ခံစားနေရပါတယ်။ယနေ့ ဧဝံဂေလိတရားကဲ့သို့ပဲကျွန်ုပ်တို့၏ကမ္ဘာကြီးဟာအမှောင်ထဲတွင် ရှိနေပုံရပါတယ်။သို့သော် သတင်းကောင်းရှိနေပါတယ်။ယေဇူးသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတဲ့အတွက်ကြောင့်ဤအမှောင်ထုအတွင်းရောက်နေခြင်းဟာကျွန်ုပ်တို့တစ်ဦးတည်းခံရတာမဟုတ်ကြောင်းသတင်းကောင်းဖြစ်သည်။သူ ကျွန်ုပ်တို့နှင့်အတူ ရှိနေပါတယ်။ ယေဇူးသခင်က "လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်နှင့်မိုးတိမ်အတွင်းမှ ကြွလာတော်မူသည်ကို သူတို့ မြင်ကြရလိမ့်မည်။” ဟု မိန့်တော်မူခဲ့ပါတယ်။ ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့မှ လွတ်မြောက်ရန် ယေဇူးသခင်ဟာကျွန်ုပ်တို့ထံ လာမှာဖြစ်ပါတယ်။ဒါကြောင့် ကျွန်ုပ်တို့ဟာ “မတ်မတ်ရပ်၍ (ကျွန်ုပ်တို့၏) ဦးခေါင်းများကို မြင့်တင်နိုင်ပြီး"ယေဇူးသခင်၌ မျှော်လင့်လျှက်အားယူရှင်သန်ကြရမှာဖြစ်ပါတယ်။