Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-11-30 05:38:45

1.12.2024 – 31st week Friday in Ordinary Time;
1st Sunday of Advent; St. Edmund Campion
အာဒ်ဝင်တူးပထမတနင်္ဂနွေနေ့
ယေရမိ ၃၃း၁၄ - ၁၆, ၁သက်သာလောနိတ် ၃း၁၂ - ၁၄း၂
ရှင်လုကာ ၂၁း ၂၅-၂၈ ၊၃၄-၃၆-Luke 21:25-28,34-36
Reflection By Daw Moe  Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ခရစ်ယာန်အယူဝါဒဆိုတာ"ဘုရားရှင်ကြွလာတော်မူမည်ဆိုသော ကတိထားတော်မူချက်ပြည့်စုံခြင်း"ဆိုတဲ့ဘာသာတရားဖြစ်သလို တစ်နည်းအားဖြင့်"ပြည့်စုံခြင်း"ကိုစောင့်ဆိုင်းရသော ဘာသာတရားတစ်ခုလည်းဖြစ်ပါတယ်။ပထမကျမ်းစာထဲမှာဘုရားရှင်ကြွလာတော်မယ့်ကတိ ထားတော်မူချက်ကို အတိအလင်း၊အတိအကျဖော်ပြထားသလို၊ ဧဝံဂေလိကျမ်းမှာလည်း ခရစ်တော်ယေဇူးက ကိုယ်တော်၏ဘုန်းဂုဏ်တော်နဲ့ကြွလာတော်မူမယ့် ဒုတိယအကြိမ်ကြွလာတော်မူခြင်းကို သတိဝီရိယနဲ့စောင့်နေကြဖို့ မိန့်မှာခဲ့ပါတယ်။အချိန်မရွေး ကျရောက်လာနိုင်တဲ့ ခရစ်တော်၏ဒုတိယအကြိမ် ကြွလာတော်မူတဲ့အချိန်ကာလကို စောင့်ဆိုင်းနေကြသူ ယုံကြည်သူများ သောက်စားမူးယစ်ပျော်ပါးခြင်းတွေမှာသာကျင်လည်နေပြီး မေ့မေ့လျော့လျော့၊ ပေါ့ပေါ့ဆဆနဲ့ စောင့်နေကြရမှာမဟုတ်ဘဲ၊ ခရစ်တော်ယေဇူးဘုရား ဒုတိယအကြိမ်ကြွလာတော်မူခြင်းသည် ဘယ်တော့ပဲဖြစ်နေပါစေ၊ ခရစ်တော်ကိုယုံကြည်သူတိုင်းဘုရားသခင်နှစ်သက်တော်မူတဲ့အသက်တာဖြစ်တဲ့အပြစ်တင်ခွင့်တစ်စုံတရာမရှိ၊ သန့်ရှင်းဖြူစင်တဲ့အသက်တာနဲ့အချိန်ပြည့်၊အချိန်မရွေး အဆင်သင့်ဖြစ်နေကြရမယ့်အကြောင်းကို ဒုတိယကျမ်းစာထဲမှာ ရှင်ပေါလူးက သက်သာလောနိတ်မြို့သားတွေထံရေးသားတဲ့ သြဝါဒစာစောင်ထဲမှာဖော်ပြရေးသား၊သတိပေးတိုက်တွန်းထားပါတယ်။မိမိတို့လက်ရှိအသက်တာဟာဒီနေ့ရဲ့ကျမ်းစာတော်တွေနဲ့ ကိုက်ညီတဲ့အသက်တာဖြစ်နေကြပြီလား။ ဘုန်းဂုဏ်တော်နဲ့ကြွလာတော်မူမယ့် ခရစ်တော်ယေဇူး၏ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက်အဆင်သင့်ဖြစ်နေတဲ့အသက်တာမျိုးကိုရော ပြင်ဆင်ပိုင်ဆိုင်ထားကြပြီလား။  

Daily Reflection