Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-12-03 05:55:49

4.12.2024 – 1st Week of Advent; Wednesday;
အာဒ်ဝင်တူးကာလ ပထမသီတင်းပတ်ဗုဒ္ဓဟူးနေ့
ဟေရှာယ ၂၅း ၆ - ၁၀
ရှင်မာတေဦး ၁၅း၂၉ - ၃၇ Mt 15:29-37
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ပထမကျမ်းစာ ဟေရှာယအနာဂတ္တိကျမ်းထဲမှာကြွလာတော်မူမယ့် မက်ဆီးယားရှင်က အနာရောဂါတွေကိုငြိမ်းစေမယ့်သူ၊ကြေကွဲမျက်ရည်တွေကိုသုတ်ပေးမယ့်သူ၊ကောင်းကင်စားပွဲတော်ကို ကျင်းပကျွေးမွေးပေးမယ့်သူအစရှိသောခရစ်တော်ဘုရားရှင်၏ဘုရင်အဖြစ်ကို ဟောကြား ဖော်ပြခဲ့တာကို ဒီနေ့ဖတ်ရတဲ့ဧဝံဂေလိကျမ်းစာအားဖြင့် ဒီဟောကြားချက်ကို ပြည့်စုံစေပါတယ်။ဒီနေ့ရဲ့ ဧဝံဂေလိကျမ်းစာတော်ထဲမှာ ယေဇူးဘုရားရှင်ဆီကို လာရောက်ကြတဲ့အခါမှာ ယေဇူဘုရားရှင်ရဲ့ကုသခြင်းခံယူဖို့ လိုအပ်နေတဲ့သူများ၊ အမျိုးမျိုးသောလူနာများကိုလည်း သူတို့နဲ့အတူခေါ်ဆောင်လာကြတယ်။ယေဇူးဘုရားကလည်း သူတို့အားလုံးကိုကုသပျောက်ကင်းစေတော်မူခဲ့ပါတယ်။ကျွန်ုပ်တို့ယနေ့ခေတ်ခရစ်ယာန်တွေလည်းပဲယေဇူးဘုရားထံလာရောက်ကြတဲ့အခါတိုင်း ယေဇူးဘုရားရှင် တို့ထိကုသခြင်းကိုလိုအပ်နေသောအခြားသူတွေ၊ ရောဂါဝေဒနာ ခံစားနေရသူတွေ၊ ဒုက္ခအမျိုးမျိုး ရောက်နေသောသူတွေကို မိမိတို့ ဆုတောင်းမေတ္တာထဲမှာ ထည့်သွင်းခေါ်ဆောင် လာကြပါသလား။ ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာ တွေ့ရှိရတဲ့အချက်ကလူလေးထောင်ကို ကျွေးမွေးတော်မူသောအခါ စားသောက်ပြီးပိုလျှံကျန်ရှိသော တောင်းခုနစ်လုံးသိမ်းဆည်း ရရှိတဲ့အကြောင်း(ရှင်မာတေဦး ၁၄း၁၃ -၂၁)မှာဖော်ပြထားတာတွေ့ရပြီးလူငါးထောင်ကိုကျွေးမွေးတော်မူသောအခါ စားသောက်ပြီးပိုလျှံကျန်ရှိသောတောင်း တစ်ဆယ့်နှစ်လုံးသိမ်းဆည်းရရှိတဲ့အကြောင်း  ဖော်ပြချက်နှစ်ခုမှာဖြစ်စဥ်တွေက တူညီမှုမရှိတာတွေ့ရပါတယ်။ လူငါးထောင်ကိုကျွေးမွေးတော်မူတော်မူသောအခါ လူအားလုံး ဝလင်စွာစားသောက်ပြီး၁၂တောင်းပိုခြင်းဆိုတာကအစ္စရာအဲလ်လူမျိုး(၁၂)မျိုးကို ကျွေးမွေးခဲ့ခြင်းကို ကိုယ်စားပြုပြီး၊ ဒီနေ့မှာ လူလေးထောင်ကို ကျွေးမွေးတော်မူသောအခါပိုလျှံသောအစားအသောက်တွေကို တောင်းခုနစ်လုံးနဲ့ သိမ်းဆည်းရလိုက်တယ်ဆိုတာက အစ္စရာအဲလ်လူမျိုးတော်မဟုတ်တဲ့ လူမျိုးခြား (Gentiles)တွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ယေဇူးဘုရား၏ တစ်ပါးအမျိုးသားတွေအပေါ်အမှုတော်ဆောင်ခြင်းကိုစတင်တိုးချဲ့ခြင်းလည်းဖြစ်ပါတယ်လို့ဓမ္မသဂြိုဟ်ပညာရှင်တွေက မှတ်ချက်ပြုပါတယ်။တကယ်တော့  ယေဇူးဘုရားက မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်အားဖြင့်  လူပေါင်းငါးထောင်ကို ကျွေးမွေးတော်မူခဲ့ခြင်းကို တပည့်တော်ကြီးများ မျက်မြင်တွေ့ကြုံခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ခါမှာလည်း လူလေးထောင်ကိုကျွေးမွေးရဦးမယ့် တူညီသောဖြစ်စဥ်ကို ကြုံတွေ့လာပြန်တော့လည်း တပည့်တော်ကြီးတွေက စိတ်ပျက်အားလျော့ကြပြန်တယ်။ ခက်ခဲတဲ့အခြေအနေနဲ့တွေ့ကြုံရတိုင်း သူတို့တွေဟာ အလွယ်တကူ စိတ်ပျက်အားလျော့ပြီး လက်မြှောက်တတ်ကြတယ်။ဒီအတိုင်းပါပဲ။ ဒီတပည့်တော်ကြီးတွေလိုပဲ ကျွန်ုပ်တို့တွေလည်း အတိတ်မှာ ဘုရားရှင်ရဲ့ ကြည့်ရှုစောင်မမှုတွေကို အလွယ်တကူမေ့ပစ်တတ်ကြပြီး၊အခုတစ်ခါမှာလည်း အရင်တုန်းကလိုပဲ ကိုယ်တော်ရှင်က ကူညီမစလိမ့်မယ်ဆိုတာကိုသတိမရကြတော့ပါဘူး။ဒါကြောင့် ခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံတွေ့ရတဲ့အချိန်တိုင်းမှာ ဘုရားရှင်က ဘယ်လိုကြည့်ရှုစောင်မတော်မူခဲ့သလဲဆိုတာကို ပြန်သတိရပြီး၊ ဒီတစ်ကြိမ်မှာလည်း ကိုယ်တော်ရှင်ဘက်က သစ္စာရှိစွာနဲ့ လုပ်ဆောင်ကူညီပေးနေဦးမယ်ဆိုတာကို ယုံကြည်ကိုးစားကြပါစို့။

 

Daily Reflection