Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-12-04 03:40:35

05.12.2024 – 1st Week of Advent; Thursday
အာဒ်ဝင်တူးကာလ ပထမသီတင်းပတ်ကြာသာပတေးနေ့
ဟေရှာယ ၂၆း၁-၆
ရှင်မာတေဦး ၇း၂၁၊၂၄-၂၇ Mt 7:21,24-27
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)


နိုင်ငံတကာဘောလုံးပွဲတွေအကြောင်း၊ နိုင်ငံတကာဘောလုံးသမားတွေရဲ့ကစားကွက်တွေအကြောင်းကို အာဘောင်အာရင်းသန်သန်နဲ့ပြောဆိုနိုင်သော်လည်းဘောလုံးသမားတွေလိုဘောလုံးကောင်းကောင်းမကန်တတ်ပါဘူး။ ဒီလိုပဲ ကောင်းကင်နိုင်ငံအကြောင်းကို ရွှန်းရွှန်းဝေအောင်ပြောနိုင်ပေမဲ့လည်း ကောင်းကင်နိုင်ငံကို ရောက်ိနုင်မယ့်သူတွေဖြစ်တယ်လို့ ပြောလို့ရနိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းဒီနေ့ဧဝံဂေလိကျမ်းစာအားဖြင့် ခရစ်တော်ယေဇူးသတိပေးထားပါတယ်။ မိမိကိုယ်ကို ဘာသာရေးကိုင်းရှိုင်းတဲ့သူ၊ ဘုရားတရားရှိတဲ့သူလို့ ယူဆထားပြီး၊ ဘုရားအကြောင်း၊ တရားအကြောင်းကို ပါးစပ်ဖျားကမချတဲ့သူတွေဖြစ်ပေမယ့် နှလုံးသားထဲမှာ ဘုရားမရှိ၊လက်တွေ့ဘဝမှာတရားတော်နဲ့အညီကျင့်စဥ်ပါမလာပါက ကောင်းကင်နိုင်ငံကိုဝင်ခွင့်ရမှာ မဟုတ်ကြောင်း ဒီနေ့တရားတော်အားဖြင့် ဖော်ပြထားတာတွေ့ရှိရပါတယ်။ အမှန်တကယ် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ဖို့ခရစ်တော်ယေဇူးဘုရားက ကျွန်ုပ်တို့ရဲ့အပြောထက်လက်တွေ့လုပ်ဆောင်မှုကသာအရေးကြီးတယ်ဆိုတာကိူအလေးပေးဖော်ပြထားတာတွေ့ရပါတယ်။အမှန်ပြောပြီး အပြောမှန်တာထက်၊ မှန်ကန်တဲ့လုပ်ဆောင်ချက်ကသာအဓိကဖြစ်တယ်ဆိုတာကိုအသိအမှတ်ပြုလိုက်ခြင်းဖြစ်ပါတယ်။ခမည်းတော်ဘုရားအလိုတော်ကိုအပြောဖြင့်သာမဟုတ်ဘဲလက်တွေ့အကျင့်အကြံနဲ့လုပ်ဆောင်တဲ့သူတွေကသာကောင်းကင်နိုင်ငံကိုဝင်ရောက်နိုင်တဲ့သူတွေပါ။ဒါကြောင့်မိမိယုံကြည်ခြင်းနဲ့လက်တွေ့လုပ်ဆောင်ချက် ပြဒါးတစ်လမ်းသံတစ်လမ်းလိုမျိုး ဆန့်ကျင်နေလို့မရပါဘူး။နောက်ပြီးဒီနေ့ဧဝံဂေလိကျမ်းစာမှာဆက်လက်ဖော်ပြထားတဲ့အချက်ကကျောက်ပေါ်မှာအိမ်ဆောက်ခြင်းဆိုတာကနှုတ်ကပတ်တော်တရားတွေကိုနားထောင်ရုံ သက်သက် မဟုတ်ဘဲ၊လက်တွေ့ကျင့်ကြံဆောက်တည်ခြင်းကိုဆိုလိုပါတယ်။သဲပေါ်မှာအိမ်ဆောက်ခြင်း ဆိုတာက နှုတ်ကပတ်တော်ကို နားထောင်ရုံမျှသာ ဖြစ်ပြီး လက်တွေ့ကျင့်ဆောက်တည်ခြင်းမရှိခြင်း ကိုဆိုလိုတာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့နောက်လိုက်ယုံကြည်သူတွေဖြစ်ပေမယ့်လည်းဒီလိုမျိုးကွဲပြားခြားနားစွာရှင်သန်နေကြတဲ့အသက်တာမျိုးမှာ ဘဝမုန်တိုင်းတွေဝင်ရောက်လာသောအခါ  ထွက်ပေါ်လာတဲ့ ရလဒ်တွေကြောင့် မှတ်ကျောက်တင်ခံရခြင်းမှာလည်းသိသိသာသာ ကွဲပြားသွားပါတယ်။ ကျွန်ုပ်တို့ပြန်လည်သုံးသပ်ရမဲ့အချက်ကကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရမဲ့အသက်တာမျိုးကို ပိုင်ဆိုင်ထားနိုင်ပြီလား။

Daily Reflection