January 1,2025 The Octave Day of Christmas:Wednesday
Solemnity of Mary,Mother of God
ဇန်နဝါရီ ၁ရက်၂၀၂၅-ဘုရား၏ မိခင်မယ်တော်မာရီးယာပွဲနေ့
ရှင်လုကာ ၂း ၁၆-၂၁- Luke 2: 16-21
Gospel Reflection by Fr.Tomas Zaw Lwin (OSM)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
နှစ်သစ်ရဲ့ပထမနေ့ကိုစတင်လိုက်ပြီ။ဒါကြောင့် နှစ်သစ်ရဲ့ပထမဦးဆုံးနေ့ကိုပျော်ရွှင်ခြင်း၊မျှော်လင့်ခြင်းနဲ့ကြိုဆိုကြမယ်။နှစ်သစ်၌အသက်ရှင်ဖို့မျှော်လင့်ချက်အသစ်တွေကိုပေးတဲ့မြတ်ဘုရားရှင်ကိုကျေးဇူးတင်ကြမယ်။ဒီနေ့သစ်မှာအမိအသင်းတော်ကကျွန်ုပ်တို့တစ်ဦးစီကိုအမိမယ်တော်၊ဘုရားရဲ့မိခင်ကိုလက်ဆောင်အဖြစ်ပေးတယ်။ဘုရားဇာတိ၊လူ့ဇာတိနှစ်ခုစလုံးကိုပိုင်ဆိုင်ထားတဲ့ခရစ်တော်ကိုမွေးဖွားသန့်စင်ပေးခဲ့တဲ့အမိမယ်တော်ကဘုရားရဲ့မိခင်"Mary,Mother of God"ဆိုတဲ့နက်နဲရာအချက်ကိုယုံကြည်ဖို့နိုးဆော်ထားတယ်။*Theotokosဆိုတဲ့ ဂရိစကားလုံးက EnglishလိုGod-bearer-ဘုရားကိုထမ်းလွယ်ခဲ့သူလို့အဓိပ္ပာယ်ရရှိတယ်။ဒါကြောင့်ဘုရားရဲ့သားတော်ကိုထမ်းလွယ်ခဲ့သောမိခင်ကိုဘုရားရဲ့မိခင်အဖြစ်ခေါဝေါ်ခြင်း၊ဂါရဝပြုခြင်းကမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့လူ့ဘဝကမိခင်ရဲ့ဝမ်း၌အစပြုသလို ကျွန်ုပ်တို့ရဲ့ဝိညာဉ်ရေးဘဝသက်တာကိုလည်းလူသားစုအားလုံးရဲ့မိခင်ဖြစ်တဲ့အမိမယ်တော်အားဖြင့်အစပြုကြပါစို့။