2.1.2025 - Thursday
St.Basil the Great and St. Gregory Nazianzen
John 1;19-28
Reflection Rev. Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အပြစ်တရားမှ နောင်တရကြလော့၊ကောင်းကင်နိုင်ငံတော်က တည်လုနေပြီ ဆိုတဲ့ နောင်တ တရားကိုယောဟန်ဗတ္တိစတားက ဟောပြောသွန်သင်ခဲ့တယ်။အဲ့ဒီအခါမှာ ဒီနေ့ဧဝဂလိကျမ်းစာမှာ ဂျေရုစလင်မြို့မှရဟန်းများနှင့် လေဝိမျိုးနွယ်တွေကို ယောဟန်ဗတ္တိစတားထံပို့ပြီး သင်ဘယ်သူလဲလို့ မေးတဲ့အခါ ယောဟန်ကရိုးရှင်းစွာ ကျွန်ုပ်ကခရစ်တော်မဟုတ်ပါ။ ပရောဖက်အီဇာယာအချိန်က ဟောထားခဲ့သည့်အတိုင်း သခင်ဘုရား၏ လမ်းကိုဖြောင့်စေရန်ကန္တရ၌ ကြွေးကြော်သောသူ၏အသံပဲဖြစ်တယ်လို့ ပြောခဲ့တယ်။ ယောဟန်ဗတ္တိစတားက ခရစ်တော်ရဲ့ကြွမြန်းလာခြင်းကို ဟောပြောသက်သေခံတဲ့အခါ သူ့မှာလိုအပ်သောချစ်ခြင်း၊နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်းတို့ဖြင့် ခရစ်တော်ကိုမိမိရဲ့အပြောအဆို၊ လုပ်ဆောင်ချက်များဖြင့်သက်သေခံခဲ့တယ်။ ယောဟန်ဗတ္တိစကားရဲ့အသံကို နားစွင့်တဲ့ကျွန်ုပ်တို့ရဲ့ ဘဝကိုခရစ်တော်ကို သက်သေခံနေသလား။