3.1.2025– Reading before Epiphany Friday
ဇန်နဝါရီလ (၃)ရက် ၂၀၂၅ မင်းသုံးပါးပွဲမတိုင်မီ သောကြာနေ့
John 1:29-34- ရှင်ယောဟန် (၁:၂၉-၃၄)
Reflection by Fr.Tomas Zaw Lwin(OSM)
Postedby Sr.Rose Lima (MSP)
ဒီလောကအသိုင်းအဝိုင်းမှာကျွန်ုပ်တို့ဘယ်လိုအခြေအနေမှာပဲရှိရှိဘုရားရဲ့ဇာတိကိုရရှိထားပြီးဘုရားရဲ့သားသမီးဖြစ်ခွင့်ရရှိထားသူတွေဖြစ်တယ်။ဘုရားရဲ့သားသမီးဖြစ်ရခြင်းကလည်းကျွန်ုပ်တို့ရဲ့ထိုက်တန်မှုကြောင့်မဟုတ်ဘဲ၊ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြောင့်သာဖြစ်တယ်။ဒါကြောင့်ဒီနေ့ပထမကျမ်းစာကတို့အားလုံးဟာဘုရားရဲ့သားသမီးတွေအဖြစ်ရွေးကောက်ခြင်းခံရသူတွေဖြစ်တယ်။ဒီလိုဘုရားရဲ့သားသမီးဖြစ်ခွင့်ရခြင်းကတကယ်ဘဲဝမ်းမြောက်စရာဖြစ်ပါတယ်။သန့်ရှင်းမြင့်မြတ်တဲ့ဘုရားသခင်ရဲ့သားသမီးတွေအမြဲတမ်းဖြစ်ဖို့ဆိုရင်၊အပြစ်နဲ့ကင်းစင်ဖို့လိုအပ်တယ်။ဒါကြောင့်သန့်ရှင်းသောဘုရားနဲ့နီးစပ်ဖို့အပြစ်နဲ့မကောင်းမှုကိုတွန်းလှန်ရင်းအလင်းရဲ့သားသမီးတွေဖြစ်ဖို့ကြိုးစားအားထုတ်ကြပါစို့။