4.1.2025 – Reading before Epiphany Saturday
ဇန်နဝါရီလ (4) ရက် ၂၀၂၅ မင်းသုံးပါးပွဲမတိုင်မီစနေနေ့
John 1:35-42- ရှင်ယောဟန် (၁း၃၅-၄၂)
Reflection by Fr.Tomas Zaw Lwin(OSM)
Posted by Sr.Rose Lima (MSP
ယောဟန်ဗတ္တိစတားကသခင်ယေဇူးကို-လူတွေလက်ခံနိုင်အောင်ပြင်ဆင်ပေးခြင်းတာဝန်ကိုယူခဲ့တယ်။သူတာဝန်ယူခဲ့တဲ့အတိုင်းတာဝန်ကျေခဲ့တယ်။လူတွေကသူကိုစိတ်ဝင်စားလာပေမဲ့၊သူကတောသူ့ကိုဗဟိုမပြုစေပဲသခင်ယေဇူးကိုပဲစိတ်ဝင်စားစေခဲ့တယ်။ဒါကြောင့်သူရဲ့တပည့်နှစ်ယောက်တို့အားသခင်ယေဇူးကို ညွှန်ပြပြီး“ဘုရားသခင်၏သိုးငယ်တော်ကိုကြည့်ကြလော့"ဟုဆိုပြီးမက်ဆီယားနဲ့မိတ်ဆက်ပေးခဲ့တယ်။သူရဲတပည့်နှစ်ယောက်ကလည်းခရစ်တော်နောက်ကိုလိုက်သွားတဲ့အခါယောဟန်ဗတ္တိစတားကဝမ်းသာပီတိဖြစ်ခဲ့တယ်။ယောဟန်ဗတ္တိစကားရဲ့စိတ်ဓာတ်ကလေးစားစရာအတုယူစရာဖြစ်ပါတယ်။ကျွန်ုပ်တို့လည်းခရစ်တော်ကိုညွှန်ပြသူ၊သက်သေခံသူဖြစ်နိုင်ကြပါစေ။