January 6 Reading after Epiphany Monday Mk 6:34-44
မင်းသုံးပါးပွဲပြီးနောက် အင်္ဂါနေ့
မာကု ၆း၃၄-၄၄
Reflection by Fr.Tomas Zaw Lwin (OSM)
Posted by Sr.Rose Lima (MSP)
ခရစ်တော်ဘုရားရှင်ကစာနာတရားနဲ့ ပြည့်ဝတဲ့ခမည်းတော်ရဲ့မျက်နှာတော်လို့ပြောကြတယ်။ဒါကြောင့်"ခရစ်တော်ကများစွာသောလူအစုအဝေးကိုမြင်လျှင်သူတို့အပေါ်၌ကရုဏာသက်တော်မူ၏ဆိုပြီး ဒီနေ့ ကျမ်းစားရဲ့ အစမှာ ဖတ်ကြရတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ တပည့်များက ဒီလောက်လူအများကြီးကို ကျွေးမွေးရန် မတတ်နိုင်ဘူးလို့ပြောပေမဲ့အရာရာကိုတတ်နိုင်စွမ်းရှိတဲ့ ဘုရားရှင်ရဲ့ သားတော်ကတော့ပေါင်မုန့် ၅ လုံးနှင့်ငါးနှစ်ကောင်နဲ့ကောင်းကင်ရှင်ကိုကျေးဇူးတော်ချီးမွမ်းပြီးမှလူငါးထောင်ကျော်ကိုကြွယ်ဝစွာကျွေးမွေးနိုင်ခဲ့တယ်။ခရစ်တော်ကိုကျွန်ုပ်ရဲ့ အရှင်အဖြစ်လက်ခံတဲ့ကျွန်ုပ်တို့ဆီမှာစာနာတရားတွေရှိသလား။ဆာလောင်နေသောသူတို့ကိုကျွေးမွေးဝေငှခြင်းရှိကြသလား။ကျွန်ုပ်တို့ရဲ့နှလုံးသားတွေအကြင်အနာတရားတွေနဲ့ပြည့်ဝနေသလား။