Jaunary 31, 3rd Week in Ordinary Time,Friday
Mark 4:26-34
သာမန်ကာလ တတိယ သီတင်းပတ် သောကြာနေ့။
မာကု ၄း ၂၆-၃၄
Reflection by Fr.Tomas Zaw Lwin(OSM)
ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာခရစ်တော်ဘုရားရှင်ကကောင်းကင်နိုင်ငံတော်ကိုရှင်းပြဖို့ပုံဥပမာနှစ်ခုပေးထားတယ်။မျိူးစေ့ကြဲခြင်းနှင့်မုန့်ညှင်းစေ့ပုံဥပမာနှစ်ခုစလုံးကတေ ာ့ရည်ရွယ်ချက်တစ်ခုကိုပဲရည်ညွှန်းပါတယ်။“ငါတစ်ယောက်တည်းတစ်ခု၊နှစ်ခုကေင်းတာတွေလုပ်ရင်းနဲ့ဘာအကျိုးရှိမှာလဲ။ငါတို့ရဲ့အသိုင်းအဝန်းဘာတိုးတက်သွားမှာမို့လို့လဲလို့ပြောဆိုကြတာကိုကျွန်ုပ်တို့နေထိုင်တဲ့အသိုင်းအဝန်းမှာကြားဖူးကြမယ်။“လူအများကြီးကိုမကူညီနိုင်ရင်တောင်လူတစ်ယောက်ကိုကူညီပါ။ဆင်းရဲခြင်းဒုက္ခတွေလျော့နည်းလာမယ်ဆိုပြီး”မာသာရ်ထရေဇားကပြောဖူးတယ်။အများအကျိုးအတွက်ကျွန်ုပ်တို့တတ်နိုင်တဲ့အရာကိုကြိုးစားလုပ်ကိုင်တဲ့အခါမှာဘုရားသခင်ကလည်းကျွန်ုပ်တို့နှင့်အတူရှိပြီးကောင်းကြီးတွေသွန်းလောင်းပေးပါတယ်။