1st February, 3rd Week in Ordinary Time,Saturday.
Mark 4: 35-41
ဖေဖော်ဝါရီလ (၁)ရက်နေ့ သာမန်ကာလတတိယသီသင်းပတ်စနေနေ့။
မာကု ၄း ၃၅-၄၁
Reflection by Thi Ko Shin (SDB)
လူတိုင်းလူတိုင်းကြောက်ရွံ့ခြင်းနဲ့မကင်းကြပါဘူး။တချို့ကနာမှာကြောက်တယ်။ တချို့ကျသေမှာကြောက်တယ်။ အရှက်ကွဲမှာကြောက်တယ်။ ဆုံးရှုံးရမှာကြောက်တယ်။ အပယ်ခံထားရမှာ
ကြောက်တယ်။ ငတ်မှာကြောက်တယ်။ အချစ်မခံရမှာကြောက်တယ်။တချို့ကြောက်ခြင်းတွေကကောင်းတဲ့ဟာရှိသလို တချို့ကြောက်ခြင်းတွေကလူကိုပူပန်စေတာကလွဲလို့ဘာအကျိုးမှမရှိဘူး။
ဥပမာ-အရှက်ကွဲမှာကြောက်လို့သိက္ခာကျမှာကြောက်လို့မလုပ်သင့်တာကိုမလုပ်ဘူး။မကောင်းဒုစရိုက်ကိုရှောင်လိုက်တယ်ဆိုရင်ဒီကြောက်ခြင်းဟာကောင်းတဲ့ကြောက်ခြင်းပါ။တချို့လူတွေကျမလိုအပ်ဘဲကြောက်တာ။မဖြစ်သေးဘဲတွေးပူတာ။အလကားနေရင်းကြောက်နေတာ၊ပူပန်နေတာမျိုးကိုဘုရားသခင်ကမကြိုက်ပါဘူး။
မစားရမှာမကြောက်နဲ့။အသက်ရှင်ရမှာမကြောက်နဲ့။ဒုက္ခတွေကိုတွေးပြီးမပူနဲ့။ဘာလို့လဲဆိုတော့ဘုရားကလူတွေနဲ့အတူရှိနေတယ်။လူတွေကို ချစ်တဲ့ဘုရား၊လူတွေလိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးတတ်တဲ့ဘုရားသခင်ကကျွန်ုပ်တို့ဖက်မှာဖခင်တစ်ယောက်လိုရှိနေပါတယ်။မကြောက်ကြနဲ့၊မကြောက်ကြနဲ့ဆိုပြီးကျမ်းစာထဲမှာအကြိမ်ကြိမ်တွေ့ရတယ်။
ကြောက်ရွံ့ခြင်းရဲ့ဆန့်ကျင်ဖက်ကယုံကြည်ခြင်းပဲ။ဘုရားရှင်ကသူ့ကိုယုံကြည်ပါ။သူရှိတယ်မကြောက်ပါနဲ့ဆိုပြီးခဏခဏသတိပေးယူရတယ်။ဒီနေ့ကျမ်းစာထဲမှာတပည့်တော်ကြီးတွေဟာမုန်တိုင်းလာတဲ့အခါမှာကြောက်စိတ်ဝင်ကြတယ်။ခရစ်တော်ဘုရားကအိပ်ပျော်နေတယ်။ခရစ်တော်ဘုရား ရှင်ကိုယ်တိုင် ရှိနေပါလျှက်နဲ့အကြောက်ကြီးကြောက်နေကြတဲ့သူတို့ကိုယုံကြည်ခြင်းအားနည်းတဲ့သူတွေလို့ဆုံးမခဲ့ပါတယ်။ကျွန်ုပ်တို့လည်းပဲ
ဘုရားကိုယုံကြည်ကြတယ်။ဒါပေမဲ့လည်းဒုက္ခအခက်ခဲတွေရင်ဆိုင်ရတဲ့အခါဘဝကထင်သလိုအဆင်မပြေတဲ့အခါဘုရားရဲ့တည်ရှိခြင်းကိုသတိမရတော့ဘဲကြောက်စိတ်တွေပဲဝင်လာတတ်ကြတယ်။ယုံကြည်ရမယ့်အစားကြောက်ခြင်းတွေသာဝင်ရောက်လာတဲ့အခါဘုရားကိုမေ့သွားတတ်ကြတယ်။တကယ်တမ်းတော့ကျွန်ုပ်တို့တွေအခက်ခဲတွေကြုံရတဲ့အခါ ဘုရားက
အိပ်ပျော်နေတာမဟုတ်ပါဘူး။သူရဲ့တည်ရှိခြင်းကိုယုံကြည်အားကိုးစေချင်တာပါ။ဘဝရဲ့အခက်ခဲဒုက္ခတွေကိုရင်ဆိုင်ဖြတ်သန်းရတဲ့အခါကြောက်စိတ်တွေ၊စိုးရိမ်စိတ်တွေဝင်လာမှာပဲ။ဒါပေမဲ့လည်းဘုရားသခင်ကျွန်ုပ်တို့နဲ့အတူ ရှိတယ်ဆိုတာကိုသတိရပါ။ယုံကြည်အားကိုးပါ။မကြောက်ကြပါနဲ့။ဘုရားသခင်အိပ်ပျော်နေတာမဟုတ်ပါဘူး။ဘုရားကိုပိုပြီးယုံကြည်အားကိုးကြရအောင်။