Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-02-02 09:05:00

February 3, 4th Week in Ordinary Time, Monday.
St. Blaise
Mark 5:1-20
ဖေဖော်ဝါရီလ (၃)ရက် သာမာန်ကာလ စတုတ္ထသီတင်းပတ် တနလ်ာနေ့။
စိန့် ဘလေ့စ်
မာကု ၅း၁-၂၀
Reflection by သီကိုရှင်း SDB

ဘုရားနဲအတူ နတ်ဆိုးကို အနိုင်ယူပါ
ဂျေနားဇရက်ကနတ်ဆိုးပူးတဲ့လူတစ်ယောက်ကိုခရစ်တော်ကနှင်ထုတ်ကုသပေးတဲ့အကြောင်းကြာရပါတယ်။နတ်ဆိုးကကွဲပြားခြင်းကိုဖြစ်စေတယ်။အပြစ်ကြောင့်ဘုရားနဲဝေးကွာသွားတဲ့အခါမှာလည်း ကွဲပြားမှုကိုဖြစ်စေတယ်။မိသားစုထဲမှာအသိုင်းအဝိုင်းထဲမှာကွဲပြားကွဲလွဲမှုတွေဆိုတာရှိစမြဲပဲ။နတ်ဆိုးကအမြဲတမ်းလိမ်ညာဖျားယောင်းတယ်။အစပိုင်းခဏတာပျော်ရွှင်မှုကိုမက်လုံးပေးပြီးနောက်ပိုင်းမှာနောင်တနဲပျက်စီးခြင်းကိုဦးတည်လေ့ရှိတယ်။နတ်ဆိုးကလူကိုချုပ်နှောင်မယ်။မက်လုံးပေးမယ်။နောက်ဆုံးဘုရားနဲပိုဝေးကွာစေတယ်။ဒါကြောင့်မို့ နတ်ဆိုးရဲ့လွှမ်းမိုးမှုကိုကျော်လွှားအောင်မြင်နိုင်ဖို့ကြိုးစားရမယ်။ဘုရားသခင်မရှိရင်နတ်ဆိုးရဲ့နှောက်ယှက်မှုကပိုပြင်းထန်တယ်။ဘုရားမရှိတဲ့ နေရာတွေမှာ မကောင်းမှု ဒုစရိုက်တွေကလည်း ပိုကြီးစိုးလာနေတာကို တွေ့ရတာကလည်း ဝမ်းနည်းစရာကောင်းလှပါတယ်။ တကယ်တော့ ဘုရားရဲ့ အစွမ်းတန်ခိုးနဲ ပေါင်းစပ်ပြီး နတ်ဆိုးကိုခုခံတိုက်ခိုက်မယ်ဆိုရင်ကျွန်ုပ်တို့အားလုံးနတ်ဆိုး လွှမ်းမိုးမှုကို ကျော်လွှားအောင်မြင်နိုင်ပါတယ်။ သခင်ယေဇူးက နတ်ဆိုးပူးတဲ့ သူကို ကုသပျောက်ကင်းစေပြီးတဲ့အခါမှာ တာဝန်တစ်ခုပေးတယ်။ အိမ်ကိုပြန်၊ ဘုရားသခင်ရဲ့ ကြင်နာသနားခြင်းက ဘယ်လို ကုသပေးခဲ့လဲဆိုတာ အိမ်သူအိမ်သားတွေသိအောင်ပြန်ပြောခိုင်းတယ်။ဘုရားသခင်ကမိမိခံစားရတဲ့ကုသခြင်းကျေးဇူးတော်၊တစ်နည်းအားဖြင့်ပြောရင်နတ်ဆိုးရဲ့ကျေးကျွန်ဘဝမှလွတ်မြောက်ခြင်းကျေးဇူးတော်ကိုသူများလည်းသိအောင်ဝေမျှခိုင်းတယ်။ဒါကိုလိုက်နာအတုယူဖို့လိုတယ်။နတ်ဆိုးရဲ့စွမ်းအားထက်ဘုရားရဲ့တန်ခိုးကပိုသာတယ်။နတ်ဆိုးရဲ့လှည့်စားခြင်းထက်ဘုရားရဲ့သနားခြင်းကပိုကြီးမားတယ်။ခံစားရတဲ့ကျေးဇူးတော်ကိုသိမ်းထားဖို့ထက်ပြောကြားဖို့လည်းလိုအပ်သေးတယ်။နောက်ဆုံးတော့နတ်ဆိုးကဘုရားကိုဘယ်လိုမှမယှဉ်နိုင်ဘူးဆိုတာပါပဲ။ဘုရားနဲအတူနတ်ဆိုးကိုအနိုင်ယူရအောင်။


Daily Reflection