Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-02-03 08:29:34

ဖေဖော်ဝါရီလ(၄)ရက် သာမန်ကာလ စတုတ္ထသီတင်းပတ် အဂ်ါနေ့။
မာကု ၅း၂၁-၄၃
Feburary 4, 4th week in ordinary time, Tuesday.
Mark 5:21-43
Reflection by သီကိုရှင်း SDB

ယုံကြည်ခြင်းခွန်အား

ဒီနေ့ဧဝံဂေလိကျမ်းမှာသခင်ယေဇူးကတရားဇရပ်မှုးဂျိုင်းရုရဲ့သမီးငယ်လေးကိုအသက်ပြန်ရှင်စေခြင်းနှင့်
သွေးသွန်နာစွဲကပ်နေတဲ့ အမျိုးသမီးကိုရောဂါပျောက်ကင်းစေတဲ့အကြောင်းကိုထောက်ရှုရပါတယ်။တချို့သော
သူတွေအတွက်ယုံကြည်ဖို့အတွက်သက်သေအထောက်ထားတွေလိုအပ်တယ်။ယုံကြည်ဖို့အတွက်
တွေ့မြင်ဖို့လည်းလိုတယ်လို့ဆိုကြတယ်။တရားဇရပ်မှုးနှင့်ရောဂါသည်အမျိုးသမီးတို့အတွက်တော့
ယုံကြည်ဖို့အတွက်ဘာမှတွေ့မြင်စရာမလိုခဲ့ပါဘူး။ဘုရားရှင်ရဲ့တန်ခိုးလက္ခဏာကိုမြင်တွေ့ဖို့အတွက်သာ သူတို့
ယုံကြည်ခဲ့ကြတယ်။နှစ်ဦးစလုံးကယုံကြည်ခြင်း၌ပြင်းထန်ခဲ့ကြတာမှန်ပေမဲ့မတူညီတဲ့အချက်ကလေးတွေ
အနည်းငယ်ရှိပါတယ်။
တရားဇရပ်မှုးမှာတော့ဂျိုင်းရုလို့ခေါ်တဲ့နာမည်ရှိတာကိုတွေ့ရပြီးအမျိုးသမီးကိုတော့နာမည်မဖော်ပြ
ထားပါဘူး။သခင်ယေဇူးရဲ့ခေတ်အချိန်အခါတုန်းကလူ့အသိုင်းဝိုင်းမှာဒီလိုခွဲခြားဆက်ဆံမှုတွေရှိခဲ့တယ်။
အမျိုးသမီးနှင့်ကလေးငယ်တွေဆိုတာလူ့အသိုင်းအဝိုင်းမှာနေရာမရှိ၊အရာမရောက်ပါဘူး။သေအံ့ဆဲဆဲဖြစ်
နေတဲ့ဂျိုင်းရုရဲ့သမီးကိုလည်းနာမည်ထုတ်ဖော်မပြထားပါဘူး။သခင်ယေဇူးကလူရာမသွင်းခံရတဲ့သူတွေကို
ဂရုတစိုက်နဲ့ လူရာသွင်းပြခဲ့ပါတယ်။ဂျိုင်းရုဆိုတာတရားဇရပ်မှုးတစ်ယောက်ဖြစ်တယ်။သူ့ကလေးနဲ့သူ့ဘ၀ကို
သူထောက်ပံ့နိုင်စွမ်းရှိတယ်။သွေးသွန်နာစွဲကပ်နေတဲ့အမျိုးသမီးကတော့ရောဂါပျောက်ကင်းဖို့အတွက်
ရှိသမျှအကုန်ရောင်းချခဲ့ရတယ်။ရောဂါဖိစီးလို့ချွတ်ခြုံကျနေတဲ့အပြင်ဘယ်သမားတော်မှလည်း ကုသပေးခြင်း
မရှိတော့ဘူး။အားကိုးစရာဆိုလို့သခင်ယေဇူးတစ်ပါးသာ ကျန်ရစ်တော့တယ်။ဂျိုင်းရုမှာက တခြား နည်းလမ်း
တွေ ရွေးချယ်စရာရှိပေမဲ့ သူမမှာတော့ ကိုယ်တော်မှ တစ်ပါး အခြားမရှိနိုင်တော့တဲ့အတွက်ကြောင့် ခရစ်တော်ရဲ့
တန်ခိုးလက္ခဏာကို အကြွင်းမဲ့ ယုံကြည်ခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကို ကြည့်ပြီး ကျနော်တို့ကို စဉ်းစားစေတာက
လောကမှာ ပိုက်ဆံရှိရှိ၊ မရှိရှိ၊ ပြည့်စုံလို့ပဲဖြစ်ဖြစ်၊ ချို့တဲ့လို့ပဲဖြစ်ဖြစ် အရာအားလုံးထက် ဘုရားသခင်ကို
ယုံကြည်အပ်နှံဖို့လိုတယ်ဆိုတာပါပဲ။
နောက်တစ်ချက်သူတို့နှစ်ဦးကြားကမတူညီတာလေးတစ်ခုကတော့ဂျိုင်းရုကတရားဇရပ်မှုးဆိုတော့ဘုရား
ဝတ်ပြုခြင်းတွေ ဗိမ္မာန်တော်မှာ တရားဇရပ်မှာအချိန်မရွေးလုပ်နိုင်တယ်။ရောဂါသည်အမျိုးသမီးကသွေးသွန် နာ
ဆိုတဲ့ရောဂါစွဲကပ်နေတာကြောင့်ဘာသာရေး ဝိနည်းအရ မသန့်ရှင်းဘူးလို့သတ်မှတ်ခံထားရတယ်။ဒါကြောင့်
ဘုရားသွားကျောင်းတက်ဖို့လည်းမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဘုရားသခင်ရဲ့ရှေ့မျက်မှောက်မှာသန့်ရှင်းသူတွေ၊
မသန့်ရှင်းသူတွေဆိုတာမရှိဘူး။ရဟန္တာရော၊အပြစ်သားရောအားလုံးက အတူတူပါပဲ။ဘုရားကိုချဉ်းကပ်ဖို
သန့်ရှင်းမြင့်မြတ်နေမှမဟုတ်ပါဘူး။ အပြစ်မကင်းလို့ဘုရားနဲ့ မထိုက်တန်ဘူးဆိုပြီးဝန်လေးနေဖို့ မလိုပါဘူး။
ဘုရားရှင်ကကျနော်တို့ကိုအရှိအတိုင်း၊အဖြစ်အတိုင်းလက်ခံတယ်။ချစ်တယ်။ကျေးဇူးတော်တွေပေးတယ်။
ကျနော်တို့ဘက်ကချဉ်းကပ်ရဲဖို့ပဲလိုပါတယ်။ ဂျိုင်းရုနဲ့အမျိုးသမီးတို့ရဲ့ဘုရားဆီချဉ်းကပ်ပုံလည်း
မတူကြပါဘူး။ဂျိုင်းရုကသူ့သမီးအသက်ပြန်ရှင်ဖို့ နှိမ့်ချ ပွင့်လင်းစွာလူတွေအရှေ့မှာအသနားခံတယ်။
အမျိုးသမီးကတော့လူတွေရဲ့ပယ်ကျဉ်မှုကိုခံထားရတာကြောင့်ချဉ်းကပ်ဖို့တောင်မဝံ့မရဲဖြစ်နေရှာတယ်။ လူ
မသိသူမသိတိတ်တိတ်ကလေးကိုယ်တော့်ရဲ့ဝတ်ရုံတော်ကိုထိဖို့ကြိုးစားခဲ့တယ်။တိတ်တိတ်လေးဆိုပေမဲ့
ရိုးသားယုံကြည်စွာနဲ့ ထိတွေ့ခဲ့တာပါ။ဘုရားရှင်ဆီချဉ်းကပ်တဲ့အခါမှာဂျိုင်းရုလို နှိမ့်ချပွင့်လင်းဖို့ လိုသလို
ရောဂါသည်အမျိုးသမီးလိုရိုးသာယုံကြည်ဖို့လည်းလိုပါတယ်။
သေချာတာတစ်ခုကတော့သူတို့နှစ်ဦးစလုံးဆီမှာကြီးမားတဲ့ယုံကြည်ခြင်းရှိပါတယ်။နှစ်ယောက်စလုံးက
ခရစ်တော်ကသူတို့ကိုကုစားပေးနိုင်စွမ်းရှိတာကိုယုံကြည်ထားကြတယ်။အဲ့ဒီယုံကြည်ခြင်းတစ်ခုနဲ့တင်ကို
လုံလောက်သွားခဲ့ပါပြီ။ယုံကြည်ခြင်းကြောင့်ဘုရားရှင်ဆီတိုးဝင်ချဉ်းကပ်ရဲသလိုဘုရားရှင်ရှေ့ ဒူးထောက်
အသနားခံတောင်းလျှောက်ရဲခဲ့တယ်။ယုံကြည်ခြင်းကြောင့်ဝတ်လုံတော်လေးထိရုံနဲ့ပျောက်ကင်းနိုင်မယ်ဆိုတာ
တပ်အပ်သိနေခဲ့တယ်။ယုံကြည်ခြင်းသာမရှိရင်တချို့လွယ်ကူတဲ့အရာတွေတောင်မဖြစ်နိုင်ဘူးဆိုပြီး
ခက်ခဲကောင်း ခက်ခဲသွားတတ်တယ်။ယုံကြည်ခြင်းကကယ်တင်ခြင်းအတွက်အခရာကျလွန်းလှတယ်ဆိုတာ
ကျနော်တို့ကိုထောက်ရှုခွန်အားပေးနေပါတယ်။

Daily Reflection