Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-02-04 09:02:41

ဖေဖော်ဝါရီလ(၅)ရက်နေ့ 
သာမန်ကာလစတုတ္ထသီတင်းပတ်ဗုဒ္ဓဟူးနေ့။
မာကု ၆း ၁-၆
February( 5),4th Week in Ordinary Time,Wednesday.
Mark 6:1-6
Reflection by သီကိုရှင်း(SDB)


ခါးသက်သော အမှန်တရား
ကျမ်းစာမှာဘယ်ပရောဖက်မှမျက်နှာသာမရခဲ့ပါဘူး။ပရောဖက်တွေဟာငြင်းပယ်ဆန့်ကျင်ဖက်ပြုခြင်းတွေခံရတယ်။နောက်ဆုံးအသားထဲကလောက်ထွက်တယ်လို့ပဲဆိုရမှာပဲ။ကိုယ့်လူမျိုးကပဲကိုယ့်ကို
ပြန်သတ်တာကိုခံရတယ်။ပရောဖက်တွေကငြင်းပယ်ခံရတယ်။အသတ်ခံရတယ်။ဒါဟာမဆန်းပါဘူး။ဘာကြောင့်လဲဆိုတော့ခရစ်တော်ကိုယ်တိုင်ကလည်းအငြင်းပယ်ခံရတဲ့သူတစ်ယောက်မို့ပါ။
မီးဖွားခါနီးအချိန်မှာလည်းတည်းစရာနေရာမရှိကြောင်းငြင်းပယ်ခံရတဲ့ကိုယ်တော့်ဘဝဟာကားစင်ပေါ်မှာအသက်စွန့်တဲ့အထိလူအများရဲ့ငြင်းပယ်ခြင်းကိုခံခဲ့ရတယ်။အထူးသဖြင့်ကိုယ့်ရပ်ကိုယ်ရွာလူတွေက
အထင်မကြီးဘဲငြင်းပယ်ခံရတာခံရအခက်ဆုံးပါပဲ။နာဇရက်မြို့ကလူတွေကိုယ်တော့်ကိုလက်မခံတာဘာကြောင့်လဲဆိုတော့ကိုယ်တော်ပြောတဲ့စကားကအမှန်တရားဖြစ်နေလို့ပဲ။မှန်ရင်ကွဲလွယ်တယ်။အမှန်တရားဆိုတာအမှားတရံလို့တချို့ဆိုတယ်။တကယ်တော့
အမှားတရံမဟုတ်ဘူး။အမှန်တရားကအခါးတစ်ခွက်ပါပဲ။မဟုတ်တာလုပ်တဲ့သူအတွက်အမှန်တရားကခါးတယ်။ပရောဖက်ဆိုတာဘုရားသခင်ဟောပြောသွန်သင်ဖို့စေလွှတ်ခံရတဲ့သူဖြစ်ပါတယ်။
ဘုရားသခင်ပြောစေချင်တာကိုပဲသူပြောတယ်။အမှားလုပ်တဲ့သူတွေအတွက်အမှန်တရားကခါးသည်းနေတတ်တော့ပရောဖက်ပြောတဲ့စကားကလည်းနားဝင်မချိုနိုင်ဘူး။လူအများကြိုက်ကြိုက်၊မကြိုက်ကြိုက်ပရောဖက်ကအမှန်တရားကိုပဲဆိုတယ်။ဒါကြောင်မို့သခင်ယေဇူးလည်းအမှန်ပြောလွန်းလို့
ငြင်းပယ်ခံလိုက်ရတယ်။ပရောဖက်ဆိုတာတော်လို့တတ်လို့စေလွှတ်ခံရတာမဟုတ်ပါဘူး။အားနည်းချက်တွေ၊အနာဆာတွေပြည့်နေဦးတောင်ဘုရားရှင်ကအားပြည့်သန်မာအောင်ပြုလုပ်ပြီးသမ္မာတရားကို ဝေမျှသက်သေခံခိုင်းပါတယ်။
ဆေးကြောခြင်းခံယူတဲ့နေ့မှာကျွန်ုပ်တို့အားလုံးကိုဆီလူးဘိသိတ်ပေးခြင်းအားဖြင့်ဘုရားရှင်ရဲ့သားသမီးများအဖြစ်ဝိညာဉ်၌မပျောက်မပျက်နိုင်သောတံဆိပ်ကိုခပ်နှိပ်ပေးလိုက်ပါတယ်။အဲ့ဒီတံဆိပ်ကြောင့်
ခရစ်တော်နဲ့ပိုပြီးသဏ္ဍာန်တူလာတယ်။ခရစ်တော်အတွက်၊အမှန်တရားအတွက်ရဲဝံ့စွာလျှောက်လှမ်းကြရအောင်။သက်သေခံကြရအောင်။မကြောက်ကြပါနဲ့။ဘုရားသခင်ရဲ့ကျေးဇူးတော်က
တို့အားလုံးအတွက်လုံလောက်ပါတယ်။
Daily Reflection