ဖေဖော်ဝါရီလ(၆)ရက်နေ့
သာမန်ကာလ စတုတ္ထသီတင်းပတ် ဗုဒ္ဓဟူးနေ့။
မာကု ၆း ၇-၁၃
February(6),4th Week in Ordinary Time, Thursday.
Mark 6:7-13
Reflection by သီကိုရှင်း(SDB)
စေလွှတ်ခြင်း
သခင်ယေဇူးကတပည့်တော်ကြီးတွေကိုတာဝန်တွေပေးပြီးတရာဒေသနာတော်ဟောဖို့စေလွတ်တာကိုတွေ့ရတယ်။သွားကြတဲ့။လမ်းခရီးအတွက်ဘာမှကိုမယူခိုင်းဘူး။ပိုက်ဆံလည်းမယူနဲ့။ငွေကြေးလည်း
မဆောင်နဲ့။စားစရာလည်းမသယ်နဲ့။ဖိနပ်ကိုပဲစီးပြီးအကျီႋကိုတောင်နှစ်ထည်မယူဖို့မှာခဲ့ပါတယ်။သေချာကြည့်ရင်အဝတ်တစ်ထည်၊ကိုယ်တစ်ခုနဲ့ ခရီးထွက်ခိုင်းတာ။ခုခေတ်မှာများဒီလိုပုံစံနဲ့
သာသနာပြုကြဟေ့လို့သခင်ယေဇူးကမိန့်ကြားမယ်ဆိုရင်ဖြစ်နိုင်ပါ့မလားလို့သံသတွေဝင်မိကြမှာအမှန်ပါ။သုညနဲ့ဘဝကိုစခိုင်းတယ်။
တစ်ယောက်ထဲအားနဲ့ရုန်းရင်တော့မဖြစ်နိုင်ပါဘူး။အပြန်အလှန်အမှီသဟဲပြုပြီးကူညီရိုင်းပင်းဖေးမမှသာလျှင်အဆင်ပြေနိုင်မယ့်သာသနာအလုပ်ပါ။ဒါကိုမြင်လို့တစ်ဦးနဲ့တစ်ဦးအထောက်ပံဖြစ်အောင်သခင်ယေဇူးက
တပည့်တော်ကြီးတွေကိုနှစ်ဦးစီစေလွှတ်ပါတယ်။ငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုပြီးလုပ်လို့မရတော့ဘူး။အတူလှော်ခတ်ပြီးဆန်တတ်တဲ့ခရီးမှာအားလုံးပါဝင်မှဖြစ်မှာပါ။လုပ်ရမှာတစ်ခုကဘုရားရှင်အပေါ်မှာအကြွင်းမဲ့
ယုံကြည်ပြီးဘဝကိုပုံအပ်ဖို့ပါပဲ။ဘဝခရီးကပင်ပမ်းတယ်။လျှောက်လှမ်းတဲ့အခါဘယ်လောက်ကိုယ့်ကိုလေးလံဝန်ပိစေလဲဆိုတာဘုရားရှင်သိပါတယ်။ဒါကြောင့်အကျီႋကိုတောင်၂ထည်မယူခိုင်းဘူး။ခရီးက
ပမ်းပါတယ်ဆိုမှအကျီႋ၂ထည်ထူထူထဲထဲဝတ်ပြီးလျှောက်ကြည့်ပါ့လား။ချွေးတစ်လုံးလုံးနဲ့ခရီးမပေါက်နိုင်ပါဘူး။မလိုတဲ့ အကျီႋကိုမဝတ်နဲ့။ဒီစကားကိုသေချာထောက်ရှုကြည့်ရင်အဓိပ္ပါယ်အများကြီး
ရှိတယ်။တခြားဆိုလိုတဲ့အဓိပ္ပါယ်ကအကျီႋအပိုမယူနဲ့မဝတ်နဲ့ဆိုတာဟာမလိုအပ်တဲ့အပူပင်တွေ၊သောကတွေကိုကိုယ်သွားလေရာမသယ်သွားပါနဲ့လို့ ားလည်လို့ရပါတယ်။မလိုအပ်တဲ့ပူပင်သောကတွေဟာ
ကိုယ့်ကိုဝန်လေးပင်ပမ်းစေရုံမကသွားတဲ့ခရီးကိုပါနှောင့်နှေးစေပါတယ်။ဒါကြောင့်သာသနာခရီးကိုပြုတဲ့အခါမှာပူပင်သံသယဗျာပါဒတွေသယ်လာမယ့်အစားဘုရားရှင်အပေါ်ယုံကြည်ခြင်းကိုသာသွားလေရာ
ဆောင်ကျဉ်းလိုက်ပါ။ဘုရားပေးတဲ့သာသနာလုပ်ငန်းပျော်ပျော်ကြီးထမ်းရွက်နိုင်ပါလိမ့်မယ်။