Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-02-06 07:46:22

ဖေဖော်ဝါရီလ(၇)ရက်နေ့ 
သာမန်ကာလ စတုတ္ထသီတင်းပတ် သောကြာနေ့။
မာကု ၆း ၁၄-၂၉
February (7),4th Week in Ordinary Time, Friday.
Mark 6:14-29
Reflection by သီကိုရှင်း(SDB)





ရှင်ယောဟန်ကဓမ္မဟောင်းနဲ့ဓမ္မသစ်ကာလနှစ်ခုကိုတံတားထိုးပြီးချိတ်ဆက်ပေးတဲ့သူလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာဓမ္မဟောင်းကာလရဲ့နောက်ဆုံးသောပရောဖက်ဖြစ်ပြီးဓမ္မသစ်ကာလရဲ့ပထမဦးဆုံးသောသက်သေခံနဲ့ဓမ္မအာဇာနည်ဖြစ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ခရစ်တော်ဘုရားရှင်ကြွလာမယ့်လမ်းကိုနီးနီးကပ်ကပ်နဲ့ပြင်ဆင်ပေးပြီးကယ်တင်ရှင်ဘုရားသခင်ကကိုတိတိကျကျညွှန်ပြနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ကယ်တင်ခြင်းဟာနီးလာပြီနောင်တရကြလော့ဆိုပြီးအင်တိုက်အားတိုက်ဆော်သြတိုက်တွန်း ဟောပြောခဲ့တယ်။မှန်ရာကို ပြောရဲဆိုရဲထောက်ပြရဲတဲ့အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်လို့လည်းဆိုနိုင်ပါတယ်။ယောဟန်ဘတ္တစတားဟာထောင်သွင်း အကျဉ်းချခံခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ ဟေရုပ်မင်းကြီးကသူ့ညီရဲ့ဇနီးမယားဟေရုပ်ဒိယကို တရားမဝင်သိမ်းပိုက်ပြီးလက်ထပ်ယူထားခဲ့တာကိုတရားမဝင်ကြောင်းဖောက်ပြန်ရာရောက်ကြောင်းထောက်ပြခဲ့လို့ဖြစ်ပါတယ်။ဟေရုဒိယကလည်းအငြိုးထားပြီးအခွင့်ကောင်းကိုစောင့်နေခဲ့တယ်။ဘုရင့်ရဲ့မွေးနေ့ပွဲရောက်တဲ့အခါဟေရုဒိယရဲ့သမီးဆာလောမေကိုကြိုက်တာတောင်းခံဖို့ဘုရင်ကကတိပေးလိုက်တယ်။ယောဟန်ရဲ့ခေါင်းကိုပေးပါလို့တောင်းလိုက်တော့အားနာပေမဲ့ပေးထားတဲ့ကတိမဖျက်ချင်လို့ခွင့်ပြုခဲ့လိုက်တယ်။တကယ်တော့ကတိဆိုတာ လိုအပ်လာရင် ဖျက်လို့ရပါတယ်။ကတိတည်ရမှာမှန်တယ်။ဒါပေမဲ့ကိုယ်ပေးတဲ့ကတိက မတရားဘူး၊လွဲနေတယ်၊မှားနေတယ်ဆိုရင်တခြားဟာနဲ့ အစားထိုပြီး ပြုပြင်ပေးလို့ရတယ်။ သူများအတွက် မတရားဖြစ်စေမယ့်ကတိဆိုရင်ဆက်ထိန်းစရာမလိုဘူးလို့ထင်ပါတယ်။ ဒါကြောင့် ကတိမပေးခင်သေချာစဉ်းစားရတယ်။မယုတ်မလွန်လေးစကားကိုဆိုတတ်ရတယ်။ပြီးစလွယ်နဲ့လွတ်ခနဲ မပေးရဘူး။ ဒါကိုကျွန်တော်တို့လည်းသတိထားရပါမယ်။ 
နောက်တစ်ချက်အနေနဲ့ယောဟန်ဘတ္တစတားသတ်ခံရတာဟာအမှန်တရားကိုမကြောက်မရွံ့ဆိုခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မှန်တာပြောရင်လူမုန်းတယ်။မှန်တာပြောရင်ရွာအပြင်ရောက်တယ်ဆိုတာမျိုး။သူလည်းမှန်တာပြောလို့ထောင်ထဲရောက်ခဲ့အသတ်ခံခဲ့ရတယ်။ကျွန်တော်တို့လည်းအမှန်တရားပြောဖို့ တခါတလေ ကြောက်တယ်။လူ့မျက်နှာထောက်ပြီးအားနာနာနဲ့မရားတာတွေကိုလက်ပိုက်ကြည့်တတ်ကြတယ်။ကိုယ့်ကိုလည်းမှားနေတယ်ဆိုတာကိုသူများထောက်ပြောလာရင်မကြိုက်ကြဘူး။ မှားလို့မှားတယ်ပြောရင် လက်ခံပြီးတော့ပြုပြင်နိုင်ရမယ်။သူများမှားရင်လည်းကောင်းကောင်းမွန်မွန်ထောက်ပြပေးဖို့လိုတယ်။မှန်နေတဲ့အချိန်မှာဘာမှမပြောတာကိစ္စမရှိဘူး။မှားနေတဲ့အချိန်မှာသာထောက်ပြပေးမှပြုပြင်လို့ရမှာပါ။ ကတိတစ်လုံးကိုသတိထားပြီးပေးနိုင်ကြပါစေ။အမှန်လည်းပြောရဲသလို၊အမှားကိုလည်းလက်ခံနိုင်ကြပါစေ။ 


Daily Reflection