ဖေဖော်ဝါရီလ (8) ရက်နေ့
သာမန်ကာလ စတုတ္ထသီတင်းပတ် စနေနေ့ ။
မာကု ၆း ၃၀-၃၄
February (8), 4th Week in Ordinary Time, Saturday.
Mark 6:30-34
Reflection by သီကိုရှင်း (SDB)
သိုးထိန်းကောင်း
“လာကြ၊လူသူကင်းဝေးရာအရပ်မှ ခေတ္တအနားယူကြ”ဆိုပြီးဒေသနာတော်တရားလိုက်လံဟောပြောရာကနေပြန်အလာ၊မောပမ်းနေတဲ့မိမိရဲ့တပည့်တော်ကြီးတွေကိုအနားယူဖို့ဖိတ်ခေါ်ခဲ့ပါတယ်။လူတိုင်းက
အနားယူဖို့လိုတယ်။ခန္ဓာကိုယ်ရော၊စိတ်ဝိညာဉ်ရောအနားယူပြီးအားဖြည့်ဖို့လိုတယ်ဆိုတာကိုယ်တော်သိမြင်ခဲ့ပါတယ်။ဘုရားသခင်နှင့်၊ဘုရားသခင်၌အနားယူတတ်ခြင်းကလူကိုအသစ်ပြန်ဖြစ်စေတယ်။
ဘုရားရှင်ရဲ့လုပ်ငန်းကိုသီးပွင့်ဖြစ်ထွန်းအောင်လုပ်ဆောင်နိုင်တဲ့သူတွေဟာဘုရားသခင်၌ကောင်းကောင်းအနားယူအားဖြည့်တတ်သူတွေပဲဖြစ်ပါတယ်။ဘာကြောင့်သခင်ယေဇူးကတပည့်တော်ကြီးတွေကိုအနားယူဖို့
ပြောလဲဆိုရင်အဆက်မပြတ် လိုက်လာကြတဲ့လူအုပ်ကြီးကြောင့်လို့ ပြောရမှာပါ။အဲ့ဒီလူအုပ်ကြီးကိုမြင်တွေ့တဲ့အခါမှာသနားကရုဏာသက်တယ်လို့ကျမ်းစာကပြောထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့
ကြည့်ရှုသူမရှိတဲ့သိုးထိန်းမဲ့သိုးတွေလိုဖြစ်နေလို့ပါပဲ။ကိုယ်တော့်ရဲ့အတွင်းစိတ်ကဖြစ်တည်နေတဲသနားကြင်နာတတ်ခြင်းဆိုတာကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်ဟာ ဘယ်လိုမျိုးပုဂ္ဂိုလ်လဲဆိုတာကို
ခံစားရစေပါတယ်။သနားကြင်နာတတ်ခြင်းဆိုတာဘုရားရှင်ရဲ့ဂုဏ်တော်တွေထဲကတစ်ခုဖြစ်ပါတယ်။သနားကြင်နာတတ်တဲ့ဘုရားကလူအုပ်ကြီးကိုမြင်တဲ့အခါစိတ်မကောင်းဖြစ်မိတယ်။သိုးတွေဟာသိုးထိန်း
မကျွေးရင်ကိုယ့်ဟာကိုရှာဖွေမစားတတ်ဘူး။ဒါကြောင့်သူတို့ကိုသိုးသိန်းမရှိတဲ့သနားစဖွယ် သိးတွေပါလားလို့ကရုဏာသက်ခဲ့ရပါတယ်။
သိုးထိန်းကောင်းပီသတဲ့ခရစ်တော်ဟာ သိုးထိန်းတစ်ယောက်ရဲ့ ထိန်းကျောင်းကျွေးမွေးစောင့်ရှောက်ခြင်းကိုလတ်တလောလိုအပ်နေတဲ့ဒီသိုးစုလူအုပ်ကြီးကိုကျွေးမွေးဖို့အနားမယူတော့ဘဲနဲ့ကိုစောင့်ရှောက်ခဲ့ပါတယ်။
ဘုရားရှင်ကကျွနု်ပ်တို့ကိုလည်းအမြဲတမ်းဒီလိုကာကွယ်စောင့်ရှောက်နေပါတယ်။ ဘုရားရှင်ဟာ မိမိရဲ့သိုးထိန်းရှင်ဖြစ်တာမို့ဘာဆိုဘာမှမလိုအပ်တော့ပါဘူး။ဘုရားရှင်နဲ့အတူရှိတဲ့ဘဝကပြည့်ဝတဲ့အသက်တာပါပဲ။
ဘုရားရှင်ကသိုးတွေကိုသိတယ်။ရိုးရိုးသိတာမို့မဟုတ်ဘူး။တစ်ကောင်းချင်းစီကိုနာမည်တပ်ပြီးသိတာ။ကိုယ့်ကိုကိုယ်သိတာထက်ပိုပြီးဘုရားကကျွနု်ပ်တို့အကြောင်းပိုသိတယ်။သိုးတွေကိုချစ်တယ်။လောကမှာ
တခြားချစ်စရာတစ်ယောက်မရှိတော့တဲ့အချစ်မျိုးနဲ့ချစ်တတ်တဲ့သူပါ။သိုးတွေအတွက်မိမိအသက်ကိုတောင်မနှမြောဘဲစွန့်လွှတ်ရဲတဲ့သူလည်းဖြစ်ပါတယ်။မိမိသိုးစုအတွက်ကားတိုင်အပေါ်မှာအသွေးသွန်း
အသက်စွန့်ပူဇော်ပြီးကာကွယ်ရွေးနှုတ်ကယ်တင်ခဲ့တဲ့သိုးထိန်းကောင်းရဲ့ချစ်ခြင်းမေတ္တာမျိုးဘယ်မှာရှာလို့တွေ့နိုင်တော့မှာလဲ။