Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-02-08 08:30:28

ဖေဖော်ဝါရီလ (၉) ရက်နေ့ 
သာမန်ကာလ ပဥ္စမတနဂ်နွေနေ့ ။ 
လုကာ ၅း ၁-၁၁
February (9), 5th  Sunday in Ordinary Time.
Luke 5;1-11
Reflection by  သီကိုရှင်း (SDB)


နာခံခြင်းနဲ့ လိုက်လျှောက်ခြင်း

ဧ၀ံဂေလိကျမ်းစာမှာသခင်ယေဇူးကသူ့ရဲ့တပည့်တော်တွေကိုသူ့နောက်လိုက်ဖို့ခေါ်တဲ့အကြောင်းကိုတွေ့ရတယ်။စီမုန်ရဲ့လှေပေါ်မှာထိုင်ပြီးပိုက်ကွန်ဆေးနေတဲ့စီမုန်ကိုစကားတစ်ခွန်းမိန့်မှာတော်မူပါတယ်။ရေနက်ရာသို့ရွှေ့လော့တဲ့။ဒီစကားကိုကြားကြားချင်းစီမုန်အနေနဲ့ဘယ်လိုနေမလဲမသိဘူး။အံအားသင့်သွားပုံတော့ရတယ်။တပည့်တော်တို့တစ်ညလုံးကြိုးစားခဲ့ပြီးတာတောင်ငါးမရရှိခဲ့ဘူး။တော်ပြီဆိုပြီးလက်လျော့ချင်ပေမဲ့ထူးဆန်းတဲ့ယေဇူးဆိုတဲ့သူပြောတော့နားထောင်ခြင်းနဲ့ပိုက်ကွန်ကိုရေနက်ပိုင်းမှာထပ်ချပါတယ်။ဒီနေရာမှာစဥ်းစားကြည့်မယ်ဆိုရင်စီမုန်ဆိုတာကတံငါသည်။သခင်ယေဇူးကလက်သမားရဲ့သားသူကျွမ်းကျင်တဲ့နယ်ပယ်ကပရိဘောဂလုပ်တဲ့နေရာမှာဖြစ်ရင်ဖြစ်မှာ။စီမုန်နေရာကနေစောဒကတက်ရင်ရတယ်။ကျုပ်ငါးဖမ်းလာတာအံတိုနေပြီ။ခင်များကဘာနားလည်လို့လဲလို့မကျေမချမ်းပြောရင်လည်းခံရမှာပဲ။ဒါပေမဲ့စီမုန်ကကိုယ်တော့်ရဲ့စကားကိုတသွေမတိမ်းနားထောင်ခဲ့တယ်။ဒီအချက်ကအတုယူဖို့ကောင်းတယ်။မဖြစ်နိုင်ဘူးလို့ထင်တဲ့နေရာမှာတောင်ဘုရားရဲ့စကားကိုနားထောင်ပြီးလိုက်နာခဲ့တဲ့စီမုန်ရဲ့နာခံခြင်းကခရစ်တော်ရဲ့နောက်လိုက်ဖြစ်တဲ့ခရစ်ယာန်တိုင်းအတွက်စံနမူနာယူထိုက်ပါတယ်။ယုံကြည်ခြင်းနဲ့နာခံခြင်းတိုရှိတဲ့အခါတန်ခိုးလက္ခဏာဆိုတာတွေဖြစ်လာပတယ်။စီမုန်ပေတရုရဲ့နာခံတတ်ခြင်းကြောင့်ပိုက်ကွန်ပြဲမတတ်ငါးများစွာကိုဖမ်းမိတယ်။ဘုရားသခင်ရဲ့ကောင်းကြီးမဂ်လာတန်ခိုးလက္ခဏာတွေဟာတခါတလေထင်ထားတာထက်အဆမတန်ပိုများတတ်ပါတယ်။လူကမပြည့်စုံဘူးထင်တယ်။ဘုရားကကြွယ်၀အောင်ပေးတယ်။လူကအပြစ်ရှိတယ်လို့ထင်တယ်။ဘုရားကအပြစ်ကိုဆေးကြောပြီးဖြူစင်အောင်ပြန်ပြုလုပ်တယ်။ပေတရုလည်းသူ့ရဲ့အပြစ်ရှိခြင်းအဖြစ်ကိုခံစားပြီးဘုရားသခင်ကိုသူ့ရှေ့ကထွက်ခွာဖို့တောင်းပန်တယ်။ဘုရားသခင်ရှေ့မှာလူ့ရဲ့မပြည့်စုံခြင်းကဘုရားရဲ့စီမံကိန်းကိုဖြည့်စွက်ဖို့အဟန့်အတားမဖြစ်စေဘူး။အဓိကလိုအပ်တာကဘုရားရဲ့လက်ထဲမှာမိမိဘ၀ကိုအပ်နှံပေးဆပ်တတ်ဖို့ပဲ။ဘုရားရဲ့အလိုတော်တိုင်းနေထိုင်တတ်လာတဲ့အခါသခင်ယေဇူးကစီမုန်ကိုဖိတ်ခေါ်သလိုလူကိုမျှားတဲ့တံငါသည်ဖြစ်စေမယ်ဆိုတဲ့အတိုင်းပိုကြီးမားတဲ့တာ၀န်တွေပေးလာပါတယ်။ဒီအတွက်ကြောင့်ကျွန်ုပ်တို့လည်းဘုရားသခင်ရှေ့မှာနာခံခြင်း၊ယုံကြည်ခြင်းနဲ့ဘုရားကိုအပ်နှံပူဇော်ကြရအောင်။ကျွန်ုပ်တို့အားဖြင့်ဘုရားသခင်ဟာများလှစွာသောတန်ခိုးလက္ခဏာတွေကိုပြုလုပ်လျှက်ရှိနေပါတယ်။

Daily Reflection