ဖေဖော်ဝါရီလ (၁၀) ရက်နေ့
သာမန်ကာလ ပဥ္စမသီတင်းပတ် တနလ်ာနေ့ ။
မာကု ၆း၅၃-၃၆
February (10), 5th Week in Ordinary Time.
Mark 6:53-56
Reflection by သီကိုရှင်း (SDB)
တစ်ခါမှာ ဆရာဝန်တစ်ယောက်က အနာကြီးရောဂါသည်တစ်ယောက်ရဲ့ပုခုံးကို ကိုင်ပြီးရောဂါအခြေအနေမေးမြန်းတဲ့အခါမှာလူနာကရုတ်တရက်ကြီးထငိုပါတယ်။ဘာများမှားလို့လဲဆိုပြီး ဆရာဝန်က
အထိတ်တလန့်နဲ့မေးကြည့်တဲ့အခါသူ့ကိုဒီလိုမျိုးဘယ်သူကမှမထိတွေ့မကိုင်တွယ်တာနှစ်ပေါင်းများစွာကြာလှပြီ၊ဆရာရဲ့ထိတွေ့ခြင်းကရောဂါတင်မဟုတ်၊နှလုံးသားကိုပါလာထိတယ်ဆိုပြီး
ပြန်ဖြေပါတယ်။ များသောအားဖြင့်ယေဇူးဘုရားရှင်ကအပြစ်သည်တွေ၊ရောဂါသည်တွေဆီသွားရောက်ကုသတာကိုတွေ့မြင်ရပေမဲ့ဒီယနေ့ကျမ်းစာထဲမှာတော့လူတွေက ကိုယ်တော့်ကို တွေ့ချင်လွန်းလို့
လာရောက်ရှာဖွေကြတယ်။ကိုယ်တော်ရဲ့ဝတ်ရုံတော်အနားစလေးကိုပဲ ဖြစ်ဖြစ်တို့ထိရရင်ကိုပဲရောဂါပျောက်ကင်းချမ်းသာလိမ့်မယ်လို့ ယုံကြညထားကြတယ်။တို့ထိဖို့အတွက်တောင်းခံကြတယ်။
တို့ထိခြင်းမှာအစွမ်းတန်ခိုးရှိတယ်။ဆက်သွယ်မှုအားအင်တွေပါတယ်။ လက်ကလေးကိုကိုင်၊နှဖူးလေးကိုစမ်းပြီးသက်သာရဲ့လားလို့ အမေးတစ်ချက်မှာတင်ရောဂါတစ်ဝက်သက်သာလုနီးပါးဖြစ်စတယ်။ရိုးရိုးသာမန်လူအချင်းချင်းတို့ထိလိုက်ခြင်းကဒီလောက်အစွမ်းထက်ရင်ဘုရားရဲ့တို့ထိခြင်းကဘယ်လောက်တောင်စွမ်းမလဲ။ ဘုရားနဲ့ တို့ထိဖို့ နေ့စဉ်အခွင့်ရေးတွေဘုရားကပေးထားတယ်။ဆုတောင်းခြင်း၊မစ္ဆားတရားပူဇော်ခြင်း၊ကိုယ်တော်မြတ်ပင့်ယူခြင်းတွေအားဖြင့်ဘုရားနဲ့ တို့ထိခွင့်ရှိတယ်။ဘုရားနဲ့ ပိုနီးစေတယ်။ကျွနု်ပ်တို့ဖက်ကသာဘုရားကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေနေဖို့လိုတယ်။ဘုရားရှင်ရဲ့တို့ထိခြင်းကိုအဆက်မပြတ်တောင်းခံနေဖို့လိုပါတယ်။ဒါဆိုရင်ဘာလို့ဘဝတွေမပြောင်းလဲရမှုာလဲ။