ဖေဖော်ဝါရီလ (၁၂) ရက်နေ့
သာမန်ကာလ ပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့။
မာကု ၇း၁၄-၂၃
February (12),5th Week in Ordinary Time Wednesday.
Mark 7:14-23
Reflection by သီကိုရှင်း (SDB)
ဘုရားသခင်ရဲ့တရားကိုနားထောင်ပြီးနားလည်သိမှတ်ကြဖို့အရေးကြီးတဲ့အကြောင်းကိုယ်တော်ကဒီယနေ့ မိန့်ကြားထားတယ်။နားလည်းမထောင်၊ နားလည်းမလည် ၊လိုက်လည်းမကျင့်တဲ့အခါဘုရားရှေ့မှာဟန်ဆောင်တာနဲ့အတူတူပဲ။ဘုရားသခင်ရဲ့ရှေ့မှာဟန်ဆောင်လိမ်ညာအပေါ်ယံကျင့်ကြံခြင်းတွေမဖြစ်ဖို့ဘုရားရဲ့အသံကိုနားထောင်ဖို့လိုအပ်တယ်။အရေးကြီးတာနဲ့အရေးမပါတာခွဲသိရမယ်။အရေးကြီးတာကနှလုံးသားထဲကဘုရားကိုချစ်ဖို့၊အချင်းချင်း မေတ္တာထားရှိနိုင်ဖို့ပါပဲ။ဘာသာရေးပညတ်ချက်တွေက လူနဲ့ဘုရားဝေးကွားသွားစေတယ်ဆိုရင်တော့စစ်မှန်တဲ့ကျင့်ဆောက်တည်ခြင်းမဟုတ်ပါဘူး။သန့်ရှင်းမြင့်မြတ်ခြင်းဆိုတာလူ့ရဲ့အတွင်းနှလုံးသားထဲကနေပဲလာတာပါ။ကောင်းတဲ့အရာမှန်သမျှ၊ပြည့်ဝတဲ့လက်ဆောင်မှန်သမျှဟာဘုရားသခင်ဆီကနေလာပါတယ်။နှုတ်ကပါတ်တော်ကိုကြားနာသူသက်သက်မဟုတ်ဘဲလက်တွေ့နားလည်လိုက်ကျင့်သူတွေဖြစ်ကြဖို့နှိုးဆော်ထားပါတယ်။ဘုရားသခင်ရှေ့မှာသန့်ရှင်းတဲ့ဘာသာတရားနှင့်သီလစောင့်ထိန်းခြင်းဆိုတာဆင်းရဲဒုက္ခရောက်နေကြရတဲ့မိဘမဲ့နှင့်မုဆိုးမတွေကိုကြည့်ရှုစောင့်ရှောက်ခြင်း၊မိမိကိုယ်ကိုလည်းလောကီအညစ်အကြေးမှကင်းစင်အောင်စောင့်ထိန်းခြင်းလို့အတိအလင်းဆိုထားခဲ့ပါတယ်။ကိုယ့်ကိုယ်ကိုမညစ်ညူးအောင်စောင့်ထိန်းနေရုံ၊ကိုယ်တစ်ကိုယ်စာကောင်းအောင်နေရုံနဲ့မပြီးတော့ဘူး။သူများကိုလည်းစာနာစိတ်နဲ့မေတ္တာပြရင်းသန့်ရှင်းမြင့်မြတ်တဲ့သီလစောင့်ထိန်းခြင်းတွေကိုပါကျင့်ကြံအားထုတ်ကြရတော့မှာပါ။