ဖေဖော်ဝါရီလ (၁၅) ရက်နေ့။
သာမန်ကာလ ပဥ္စမသီတင်းပတ် စနေနေ့။
မာကု ၈း ၁-၁၀
February(15),5th Week in Ordinary Time saturday.
Mark 8: 1-10
Reflection by သီကိုရှင်း (SDB)
သူတော်စင်ကြီး မဟာဓမ္မဂန္ဒီက“ကမ္ဘာကြီးမှာလူတိုင်းအတွကအစားအသောက်လုံလုံလောက်လောက်ရှိပါတယ်။ဒါပေမဲ့ လူတိုင်းရဲ့လောဘအတွက်တော့မလုံလောက်နိုင်ဘူး” လို့ ဆိုခဲ့ဖူးတယ်။
မိမိမှာရှိတဲ့အရာကိုရက်ရောစွာဝေမျှဖို့ပဲလိုတာပါ။လူငယ်လေးကပေးတဲ့မုန့်နဲ့ငါးကလူအများစားဖို့အတွက်ကောင်းကြီးတော်အစဖြစ်ခဲ့တယ်။ဒီအတွက်သခင်ဘုရားကကျေးဇူးတင်ကောင်းကြီးပေးပြီးဝေမျှလိုက်တယ်။ကျွနု်ပ်တို့မှာရှိတဲ့ရက်ရောစိတ်၊ကြိုးပမ်းအားထုတ်မူ၊ဘဝအသက်တာတွေကိုဘုရားကိုပေးပါ။ကိုယ်ရရှိထားတဲ့အရာတွေအတွက်လည်းဘုရားကိုကျေးဇူးတင်ပါ။ဘုရားဆီကရတဲ့ကျေးဇူးတော်တွေကလည်းကိုယ့်တစ်ယောက်ထဲအတွက်မဟုတ်ဘူးဆိုတာကိုလည်းသိပါ။လိုအပ်နေတဲ့သူတွေနဲ့ဝေမျှပေးရမယ်။ပိုပြီးများများရလေပိုပြီးများများပေးရလေပါပဲ။ရက်ရောတဲ့သူအတွက်ဘုရားကလည်းပိုရက်ရောပါတယ်။တခါတလေမှာကိုယ်ပေးလိုက်တဲ့အရာကအသေးအမွှားလေးဆိုပေမဲ့လက်ခံရရှိတဲ့ သူအတွက်ပြသနာတော်တော်ချောင်လည်သွားနိုင်ပါတယ်။“လူတစ်ရာကိုမပေးနိုင်ရင်နေပါစေ၊အနီးနားကမရှိဆင်းရဲသားတစ်ယောက်ကိုပဲမေတ္တာနဲ့ဝေမျှလိုက်ပါ”လို့ မာသာထရေဇားကမိန့်ခဲ့ဖူးတယ်။အကောင်းကိုပြုလုပ်ဖို့အတွက်ဦးဆောင်မယ့်သူကိုစောင့်နေဖို့မလိုဘူး။ကိုယ်တိုင်ကပဲစတင်ရမှာဖြစ်တယ်။သေခါနီးဆဲဆဲလူတွေ၊ဆင်းရဲသားတွေ၊အထီးကျန်ဒုက္ခရောက်နေသူတွေ၊ချောင်ထိုးအပယ်ခံထားရသူတွေကိုမိမိမှာရှိတဲ့အရာနဲ့ပျော်ရွှင်စွာဝေမျှလိုက်ပါ။နည်းချင်နည်းနေမယ်။ကိစ္စမရှိဘူး။ဘုရားကအနည်းအများကိုမကြည့်ဘူး။ရက်ရောတဲ့စေတနာစိတ်ကိုပိုတန်ဖိုးထားတယ်။