ဖေဖော်ဝါရီလ (၁၉)ရက််် သာမန်ကာလ ဆဌမသီတင်းပတ် ဗုဒ္ဓဟူးနေ့။ မာကု ၈း ၂၂-၂၆ February (19),6th Week in Ordinary Time, Wednesday. Mark 8:22-26 Reflection by Celeste (MSP)
ဒီနေ့ရဲ့ကျမ်းစကားတွေကိုထောက်ရှု မယ်ဆိုရင် ယေးဇူးခရစ်တော်ကမျက်စိမမြင်တဲ့သူရဲ့လက်ကိုဆွဲပြီးသူ့ကိုရွာအပြင်ဘက်မှာခေါ်ဆောင်သွားတယ်ဆိုတာကိုတွေရပါတယ်ဒီအချက်ကိုကြည့်ခြင်းအားဖြင့်မျက်စိမမြင်တဲ့သူဟာကုသခြင်းရရှိဖို့ယေဇူးခရစ်တော်ဦးဆောင်ရာကိုယုံကြည်စိတ်နှင့်လိုက်လျောက်ရပါတယ်။မျက်မမြင်တဲ့သူကို ကိုယ်တော်ကတစ်ဆင့်ပြိးတစ်ဆင့်ကုသပေးခဲ့ပါတယ်။မျက်စိမမြင်တဲ့သူရဲ့ယုံကြည်ခြင်းကိုတဖြည်းဖြည်းတိုးပွားလာအောင်ပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်။နောက်တစ်ချက်အနေဖြင့် ကိုယ်တော်ကမျက်စိမမြင်တဲ့သူ ကိုအလင်းပြန်ရဖို့ကုသပေးပြီးတဲ့နောက်သူ့ကိုအိမ်သို့ပြန်လွတ်ပြီးရာထဲကိုမဝင်ဖို့ မိန့်မှာလိုက်ခြင်းကဝိညာဥ်ရေးအသက်တာကိုဖုံးကွယ်ထားတဲ့အတိတ်ကအဖြစ်အပျက်အကြောင်းအရာတွေကို စွန့်လွတ်ရန် မှာကြားလိုက်ခြင်းဖြစ်ပါတယ်။
ဒီအတွက်တစ်ဦးစီရဲ့ဘဝအသက်တာမှာယုံကြည်ခြင်းဖြင့်လျှေက်လှမ်းဖို့ဝိညာဥ်ရေးအသက်တာတိုးပွားလာဖို့၊ဆုတောင်းခြင်း၊စစ်မှန်သောနောင်တဖြင့အာပတ်ဖြေခြင်း၊မစ္ဆားတရားတော်မြတ်၌ပါဝင်ခြင်း၊ကိုယ်တော်မြတ်ကိုထိုက်တန်စွာပင့်ယူခြင်းစသောကျေးဇူးတော်တွေအားဖြင့်ကုသခြင်းကိုခံယူကြကာဝိညာဥ်ရေးအသက်တာက်ိုအတားအဆီးဖြစ်စေတဲ့အတိတ်ကအဖြစ်အပျက်အကြောင်းအရာတွေကိုစွန့်လွတ်နိုင်ဖို့ဘုရားရှင်ထံမှာကျေးဇူးတော်များတောင်းခံကြပါစို့။