Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-02-23 23:12:55

ဖေဖော်ဝါရီလ (၂၄)ရက်််
သာမန်ကာလ သတ္တမသီတင်းပတ်  တနလ်ာနေ့။ 
မာကု ၉း ၁၄-၂၉
February (24),7th Week in Ordinary Time, Monday
Mark 9:14-29
Reflection by သီကိုရှင်း (SDB)


ဒီယနေ့ထောက်ရှုရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ ခရစ်တော်ဘုရားရှင်ကနတ်ဆိုးပူးပြီးဝေဒနာခံစားနေရတဲ့လူငယ်တစ်ယောက်ကို ကုသပျောက်ကင်းစေခဲ့ပါတယ်။လူနာရှင်ကကိုယ်တော်ရဲ့တပည့်တော် တွေက ဒီရောဂါကိုကုသပေးဖို့ မတတ်နိုင်ကြဘူးလို့ တင်လျှောက်လိုက်ပါတယ်။ဒါကြောင့်မို့ယေဇူးဘုရားကပြောခဲ့တာသင်တို့မှာမုန့်ညင်းစေ့လောက် ယုံကြည်ခြင်းသာရှိခဲ့မယ်ဆိုရင်ကြီးမားတဲ့တောင်တန်းကြီးတွေကိုတောင် ဒီကနေဟိုရွေ့နိုင်လိမ့်မယ်ဆိုပြီးယုံကြည်ခြင်းထားရှိဖို့မှာကြားခဲ့ဖူးပါတယ်။ရောဂါဝေဒနာပျောက်ကင်းဖို့အတွက်၊တန်ခိုးလက္ခဏာတွေမြင်ရဖို့အတွက်ယုံကြည်ခြင်းဆိုတာမရှိမဖြစ်လိုအပ်တယ်။ယုံကြည်ခြင်းမရှိရင် ဘာမမတတ်နိုင်ဘူး။ ယုံကြည်ခြင်း ရှိတာနဲ့ သံသယတွေပွားများတာ အကျိုးသက်ရောက်မှုခြင်းလည်း မတူဘူး။သံသယသမားကအခက်ခဲဒုက္ခတွေကိုပဲမြင်တာ။ယုံကြည်ခြင်းရှိတဲ့သူကဒီလမ်းကိုငါဘယ်လိုထိုးဖောက်ရမလဲဆိုတာအခွင့်အလမ်းကိုမြင်တာ။သံသယသမားကအမှောင်ညကိုပဲမြင်တယ်။ယုံကြည်ခြင်းရှိတဲ့သူကအမှောင်ညရဲ့အလွန်မှာထွက်လာမယ့်ရောင်နီဦးနေ့သစ်ကိုဆီးကြိုတယ်။သံသယသမားကခြေတစ်လှမ်းလှမ်းဖို့ တွန့်ဆုတ်နေတဲ့အချိန်ယုံကြည်ခြင်းရှိတဲ့သူကအမြင့်ကိုတတ်ဖို့အသင့်ပြင်ထားတယ်။သံသယသမားက ဘယ်သူယုံလဲ ဆိုတဲ့ မေးခွန်းမျိုးထုတ်တယ်။ ယုံကြည်ခြင်းရှိသူက ငါ ယုံကြည်တဲ့ဆိုပြီးအဖြေပြန်ပေးတယ်။အဲ့ဒါပဲသံသယသမားနဲ့ယုံကြည်ခြင်းရှိသူတို့ရဲ့ကွားခြားချက်အများကြီးထွက်လာတယ်။တပည့်တော်ကြီးတွေကို ခရစ်တော်ကနတ်ဆိုးနှင်ထုတ်ဖို့၊ရောဂါတွေကုသဖို့၊အခွင့်အာဏာကိုပေးအပ်ထားခဲ့တယ်။ဒါပေမဲ့တပည့်တော်ကြီးတွေကသူတို့ကိုဘုရားပေးထားတဲ့ အခွင့်အာဏာကို မယုံတစ်ဝက်ယုံတစ်ဝက်ဖြစ်နေကြတယ်။ပျောက်မှပျောက်ပါ့မလားဆိုတဲ့သံသယစိတ်တွေနဲ့။ဒီတော့နတ်ဆိုးကို သူတို့မထုတ်နိုင်ကြတော့ဘူး။ယုံကြည်တဲ့အချိန်မှာလုပ်နိုင်ခဲ့တဲ့အရာတွေကိုသံသယဝင်တဲ့အချိန်မှာပြုလုပ်ဖို့ခက်ခဲလာကြတယ်။တကယ်တော့တပည့်တော်ကြီးတွေလည်းဘုရားသခင်ရဲ့နာမ၌နတ်ဆိုးတွေကိုထုတ်နိုင်ခဲ့ဖူးတာပဲ။ဒါပေမဲ့ဒါဟာဘုရားကထုတ်ပေးတာ။သူတို့ကိုအသုံးတော်ခံတွေပဲဖြစ်တယ်။ဘုရားကအဓိကပြုလုပ်တဲ့သူဆိုတာကို မေ့သွားပြီးငါတို့လုပ်တာဆိုတဲ့အတွေးဝင်သွားရင်ဘုရားရဲ့ ကုသခြင်းလည်း ပြတ်တောက်သွားနိုင်ပါတယ်။ခရစ်တော်ကလုပ်ပေးနိုင်တယ်ဆိုတာကိုသတိရပြီးယုံကြည်စိတ်ထားရင်ဒီနတ်ဆိုးကိုလည်းသူတို့နှင်ထုတ်နိုင်မှာပါ။ကိုယ့်ကိုကိုယ်ယုံကြည်ပြီး ငါလုပ်နိုင်တယ်ဆိုတာ ထက်ဘုရားကိုယုံကြည်ပြီးဘုရားလုပ်နိုင်တယ်ဆိုတဲ့စိတ်ကိုအမြဲသွင်းထားနိုင်ရင်ဘုရားသခင်ပြုလုပ်မယ့်အံ့ဖွယ်တန်ခိုးလက္ခဏာတွေကိုမြင်နိုင်ပါလိမ့်မယ်။ယခုလက်ရှိကျွနု်ပ်တို့ တိုင်းပြည်မှာမကောင်ဒုစရိုက်တွေပိုပြီး ကြီးစိုးလာတယ်။နတ်ဆိုးရဲ့လုပ်ရပ်တွေပိုအားကောင်းလာနေတယ်။ဒီနတ်ဆိုးကိုငါတို့ထုတ်နိုင်တယ်ဆိုတာထက်ဘုရားသခင်ထုတ်ပေးနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကိုထားရမယ်။ဘုရားကိုယုံကြည်ပြီး ကိုယ်လုပ်နိုင်တဲ့အရာလေးတွေကိုတက်နိုင်တဲ့ဖက်ကနေကြိုးစားပါဝင်ပြီးလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။မကောင်းဒုစရိုက်တွေကြားမှာကောင်းတဲ့အရာလေးတွေဆောင်ကြဉ်းပေးရအောင်။နတ်ဆိုးရဲ့ဒုစရိုက်အမှား ကိုဘုရားရဲ့ကောင်းမြတ်ခြင်းအားနဲ့တိုက်ထုတ်ရင်းမိမိရဲ့ဘဝကိုအားတင်းရှေ့ဆက်လျှောက်လှမ်းကြပါစို့။

Daily Reflection