Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-02-24 08:09:43

ဖေဖော်ဝါရီလ (၂၅)ရက်််
သာမန်ကာလ သတ္တမသီတင်းပတ် အဂ်ါနေ့။ 
မာကု ၉း ၃၀-၃၇
February(25),7th Week in Ordinary Time, Tuesday.
Mark 9: 30-37
Reflection by သီကိုရှင်း (SDB)


ဒီကနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းမှာယေဇူးဘုရားရှင်ကကလေးငယ်တစ်ဦးကိုချီပြီးအရေးကြီးတဲ့တရားတစ်ခုကိုသူ့ရဲ့ပည့်တော်ကြီးတွေအားဆုံးမပါတယ်။ခရစ်တော်ဘုရားရှင်ကသူဟာအသက်စွန့်မယ်
ဒုက္ခခံရမယ် ဆိုတဲ့အကြောင်းတွေကိုကြိုတင်ပြောပြနေခဲ့တယ်။သူတို့ဆရာသခင်ဒီလိုကြုံတွေ့တော့မှာပါလားဆိုတာကို စိတ်မပူတဲ့အပြင်နေရာလုအာဏာလုနေခဲ့ကြတယ်။ဘယ်သူကအားလုံးထဲမှာ
အကြီးမြတ်ဆုံးဖြစ်မလဲဆိုတာကိုတစ်လမ်းလုံးငြင်းခုံ လာခဲ့ကြတယ်။အဲ့ဒါနဲ့ပဲသခင်ယေဇူးကကလေးတစ်ယောက်ကိုချီပွေ့ပြီးသူ့ရဲ့နောက်လိုက်အဖွဲ့အစည်းဟာ သူများအဖွဲ့တွေနဲ့မတူတဲ့
ပြောင်းပြန်တန်ဖိုးတရားတွေရှိတယ်ဆိုတာကိုသွန်သင်ပါတယ်။သခင်ယေဇူးရဲ့ဆုံးမတရားကိုအဓိကအားဖြင့်အချက် ၃ ချက်နဲ့တွေ့ရပါတယ်။၁။နောက်ဆုံးသောသူဖြစ်ရမယ်၂။ အစေခံသောသူဖြစ်ရမယ် ၃။ ကလေးငယ်တစ်ယောက်လို ဖြစ်ရမယ်လူ့သဘာဝအရလူတော်တော်များများကပထမကိုလိုချင်တယ်။သူများရှေ့ကနေသွားချင်တယ်။သူများထက်အရင်ဖြစ်ချင်တဲ့သူတွေအများကြီးပါပဲ။မိမိအောင်မြင်ဖို့ကလွဲရင်တခြားသူဘာဖြစ်နေနေ မမှုကြ။ကိုယ့်ကိုကိုယ်ပဲ ရှေ့တန်းတင်တော့တခြားသူကကိုယ့်ရဲ့အနောက်မှာပေါ့။လောကပြိုင်ပွဲမှာရှေ့ဆုံးလို့ထင်ပေမဲ့ကောင်းကင်နိုင်ငံတော်ကပြိုင်ပွဲမှာတော့ဒီလူဟာနောက်ဆုံးပါပဲ။ကိုယ့်ကရှေ့မှာနေရင် သူများကို ဘယ်လိုလုပ်အာရုံစိုက်နိုင်မှာလဲ။ဒါကြောင့်အရင်ဆုံးဖြစ်ချင်ရင်နောက်ဆုံးဖြစ်ရမယ်လို့သခင်ယေဇူးကဆုံးမထားပါတယ်။ဒုတိယအချက်အစေခံရမယ်။အစေခံဆိုတဲ့အဓိပ္ပါယ်ကတစ်စုံတစ်ယောက်ကိုကျိုးနွံနာခံခြင်းနဲ့အလုပ်အကျွေးပြုစုခြင်းပဲ။သူများအတွက် အကောင်းတစ်စုံတစ်ရာဖြစ်စေမယ်ဆိုရင် အနစ်နာခံပြီးလုပ်ပေးဖို့အသင့်ရှိသူဟာသူများကိုအစေခံတတ်သူပါပဲ။ကြီးမြတ်တဲ့သူဆိုတာသူများကိုခါးထောက်စေခိုင်းတဲ့သူမဟုတ်ဘဲ၊သူများအတွက်လွတ်လပ်စွာမေတ္တာနဲ့လုပ်ဆောင်ပေးဆပ်ခြင်းပဲဖြစ်ပါတယ်။တတိယအချက်အနေနဲ့သခင်ယေဇူးအချိန်အခါတုန်းကကလေးဆိုတာအမျိုးသမီးတွေ၊မုဆိုးမတွေ၊ဆင်းရဲသားတွေလိုပဲစာရင်းထဲထည့်မတွက်ကြပါဘူး။သူတို့အတွက်နေရာမရှိဘူး။လုံးဝဥသုံအုပ်ထိန်းသူမိဘတွေအပေါ်မှီခိုကြရတယ်။ကလေးငယ်တစ်ယောက်မှာအာဏာဆိုတာမရှိဘူး။နေရာဆိုတာမသိဘူး။အခွင့်ရေးဆိုတာနားမလည်ဘူး။ကလေးတွေမှာနှိမ့်ချခြင်း၊အားကိုးယုံကြည်ခြင်း၊ဖြူစင်ရိုးသာခြင်းတွေသာရှိပါတယ်။ကလေးတစ်ယောက်လိုဘုရားကိုယုံကြည်အားကိုးပြီးသူတစ်ပါးအတွက်နောက်ကွယ်ကနေအစေခံပေးဆပ်တတ်တဲ့သူဟာစစ်မှန်တဲ့ဘုရားရဲ့နောက်လိုက်တပည့်တွေဖြစ်မှာပါ။

Daily Reflection