မတ်လ ၁ ရက် (စနေနေ့)
သာမာန်ကာလသတ္တမသီတင်းပတ်
ပထမကျမ်း၊ ဆီရပ် (နီတိဒေသနာ)၁၇: ၁-၁၃
7 th week in ordinary Time,Saturday
Sirach 17:1-13
Reflection by FMA-Myanmar
ကိုယ်တော်သည်လူ၌လျှာ၊မျက်စိနှင့်နားများကိုထည့်သွင်းဖန်ဆင်းပေးထား၍ဆင်ခြင်တွေးခေါ်တတ်သောအသိဉာဏ်ကိုလည်းပေးတော်မူ၏။ဉာဏ်ပညာနှင့်သိမြင်နားလည်တတ်ခြင်းတို့နှင့်လည်းပြည့်စုံစေတော်မူ၍အကောင်းနှင့်အဆိုးတို့ကိုခွဲခြားနိုင်ရန် သင်ပြ တော်မူ၏။နေ့စဉ်ဘဝသက်တာမှာကျွန်ုပ်တို့တွေ ကြားရ၊မြင်ရ၊ နားဆင်ရသောအကြောင်းအရာများမှတွေးခေါ်စဉ်းစားခြင်း၊ဆုံးဖြတ်ခြင်းတွေလုပ်ရတယ်။သူ့အကြံ၊ကိုယ့်ထင်မြင်ချက်ဖလှယ်ယူကြတယ်၊ကိုယ်ပိုင်စီမံကိန်း၊ရှေ့ရေးမျှော်မှန်းချက်တွေတွေးမျှော်ပြီးကြိုးစားဖန်တီးယူကြတယ်။ဒီနေ့ပထမကျမ်းမှာလူတစ်ဦးချင်းဆီမှာရှိတဲ့ကြားနိုင်၊မြင်နိုင်စွမ်းတွေဟာကမ္ဘာဦးမှပင်ဘုရားသခင်ရဲ့လူသားကိုဖန်ဆင်းခြင်းမှာရည်ရွယ်ချက် ရှိရှိထည့်ထားခဲ့တာဖြစ်ပြီး အကောင်းနှင့်အဆိုး ခွဲခြားနိုင်သောစွမ်းရည်ကိုပါသင်ပြပေးခြင်းခံရတာဖြစ်တဲ့အတွက် ဖန်ဆင်းရှင်ဘုရားသခင်ကိုကျေးဇူးတင်ကြရအောင်။ကျေးဇူးတင်တတ်တဲ့စိတ်လေးဟာဘုရားသခင်ကိုချီးမွမ်းခြင်းပါ။ဘုရားသခင်ဂုဏ်တော်တိုးပွားရန်ပြုလုပ်တဲ့ လုပ်ရပ်များကိုနေ့စဉ်သတိရ ပြုကြပါစို့လား။