မတ်လ(၂)၊တနင်္ဂနွေနေ့
သာမန်ကာလ အဠမသီတင်းပတ်တနင်္ဂနွေနေ(ဂ)နှစ်
ရှင်လုကာ ၆:၃၉-၄၅
8th week in ordinary Time,Sunday
Reflection by FMA-Myanmar
ကောင်းသောအပင်သည်မကောင်းသောအသီးကိုမသီးနိုင်၊ကောင်းသောသူသည်မိမိ၏ စိတ်နှလုံးတွင်သိမ်းဆည်းထားသည့် ကောင်းသောအရာများထဲမှအကောင်းကိုဖော်ထုတ် တတ်၏။ဘုရားရှင်ပေးသနားသောကျေးဇူးတော်မြောက်များစွာထဲမှ“အကောင်းနှင့်အဆိုးခွဲခြားနိုင်သောစွမ်းရည်”ကိုနေ့စဉ်အခွင့်သင့်သည့်အချိန်တိုင်းဖော်ထုတ်ကြပါစို့။ကျွန်ုပ်တို့၏ ကောင်းသောစိတ်ထား၊ကောင်းသောလုပ်ရပ်များကနတ်ဆိုးရဲ့အမှောင်လွှမ်းမိုးထားသောပတ်ဝန်းကျင်ကိုထိုးဖောက်နိုင်ရပါမယ်။လူတစ်ဦးချင်းစီမှာဘုရားသခင်ရဲ့ကျေးဇူးတော်တွေအများကြီးရှိပါတယ်။ကောင်းတဲ့အသီးတွေအများကြီးရှိပါတယ်။ကိုယ်စီရှိတဲ့ကောင်းသောအသီးများကိုသော်လည်းကောင်း၊ဘေးပတ်ဝန်းကျင်ကကောင်းသောအသီးများကိုသော်လည်းကောင်း၊အဆတိုးပွားရန်ကြိုးစားကြပါစို့။ ကိုယ့်ရဲ့ကောင်းသောအသီးကိုကောင်းသောအပင်မှနောက်ထပ်ကောင်းသောမျိုးဆက်သစ်များပေါ်ပေါက်လာရန်ကြိုးစားကြပါစို့။