Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-03 07:12:14

မတ်လ(၄)ရက်၊အင်္ဂါနေ့
သာမာန်ကာလအဌမသီတင်းပတ်
ပထမကျမ်းဆီးရာ(နီတိဒေသနာ) ၃၅:၁-၅
8 th week in ordinary Time,Tuesday
Reflection by FMA-Myanmar

ပညတ်ဉပဒေကိုစောင့်ထိန်းခြင်းသည်များစွာသောအရာတို့ကိုပူဇော်ဆက်ကပ်ခြင်းဖြစ်၍ပညတ်တော်များကိုလိုက်နာခြင်းသည်ငြိမ်းချမ်းခြင်းယဇ်ကိုပူဇော်ခြင်းဖြစ်၏။မေတ္တာဖြင့်တုန့်ပြန်ခြင်းသည်အကောင်းဆုံးသောမုန့်ညက်ပူဇော်ခြင်းဖြစ်ပြီး၊ပေးကမ်း စွန့်ကြဲခြင်းသည်ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်ခြင်းဖြစ်၏။မကောင်းမှုကိုရှောင်ကြည်ခြင်းသည်ဘုရားသခင်ကိုနှစ်သက်ကျေနပ်စေသောနည်းလမ်းဖြစ်၍မတရားမှုများကိုရှောင်ရှားခြင်းသည်အပြစ်အတွက်ဆပ်ဖြေခြင်းဖြစ်၏။ကျွန်ုပ်တို့ကက်သလစ်ဘာသာဝင်များအတွက်မနက်ဖြန်မှာပြာခံပွဲနှင့်အတူဝါတွင်းကာလရောက်မှာဖြစ်ပါတယ်။ဒီနေ့ပထမကျမ်းမှာကောက်နှုတ်ချက်များဟာဒီဝါတွင်းကာလမှာပြုလုပ်နိုင်သောအကောင်ဆုံးခြိုးခြံဆက်ကပ်ခြင်းများ၊ကောင်းမှုကုသိုလ်များဖြစ်ပါသည်။ဘုရားရှင်ထံကမ္ဘာတစ်ဝှမ်းလုံးတွင်ဒုစရိုက်မှုများဖြင့်ဖျက်ဆီးနေသောသူတို့၏အပြစ်များအတွက်ဒဏ်ဆပ်ဖြေရန်ကျွန်ုပ်တို့ပြုလုပ်နိုင်သည့်ဒဏ်ဆပ်ဖြေခြင်းများဖြင့်ပါဝင်ကြပါစို့။

Daily Reflection