Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-04 08:02:28

မတ်လ ၅ ရက်
ဝါဝင်ပြာခံပွဲ၊ ‌ဗုဒ္ဓဟူးနေ့
မာတေဦး ၆း၁-၆၊ ၁၆-၁၈
Ash Wednesday
Reflection by FMA-Myanmar

ယနေ့တွင်သင်တို့သည်ဘုရားသခင်၏အသံတော်ကိုကြားကြပါလျက်သင်တို့၏စိတ်နှလုံးများကိုတင်းမာ၍မထားကြလေနှင့်။(ဆာလံ ၉၅း ၈)သင်တို့မူကားဆုတောင်းသောအခါသင်တို့၏အခန်းတွင်းသို့ဝင်၍တံခါးပိတ်ပြီးမှဆိတ်ကွယ်ရာ၌ရှိသောသင်တို့၏အဘထံသို့ ဆုတောင်းလော့။ဖုံးကွယ်ရာ၌ပြုလိုသောအမှုကို မြင်တော်မူသောသင်တို့၏အဖသည်သင်တို့အားဆုကျေးဇူးပေးသနားတော်မူလိမ့်မည်။ (မာတေဦး ၆း ၁၈ )ကျွန်ုပ်တို့ခင်မင်ရင်းနှီးသောသူငယ်ချင်းမိတ်ဆွေတစ်ဦးဦးစကားပြောလျှင်ကျွန်ုပ်တို့အချိန်ပေးနားထောင်သည်၊တုန့်ပြန်သည်၊အပြန်အလှန် ဆွေးနွေးကြသည်။ယခုအချိန်တွင်သမ္မာကျမ်းစာမှတစ်ဆင့်ဘုရားသခင်၏အသံတော်ကို အာရုံစိုကနားထောင်ကြပါစို့။အသက်ပေးနှုတ်ကပါတ်တော်မှတစ်ဆင့်ထာဝရအသက်တာရနိုင်သည့်အကြောင်းအရာရနိုင်သည့်နည်းလမ်းများကိုဘုရားသခင်မှပြောကြားလျက်ရှိပါတယ်။ကျွန်ုပ်တို့ရဲ့နှလုံးသားများကဘုရားသခင်၏အသံတော်ကိုနားထောင်ဖို့စိတ်ဝင်စားရဲ့လား။ စိတ်နှလုံးပြင်ဆင်ထားရဲ့လား။ဝါတွင်းကာလသည်ကျေးဇူးတော်စီးဆင်းရာကာလဖြစ်ပါသည်။ဝါတွင်းကာလသည်ဘုရားသခင်ရှေ့မှောက်တော်၌သူ၏အသံတော်ကိုနားထောင်ရသောအချိန်ဖြစ်ပါသည်။ဆိတ်ကွယ်ရာဟူသောတိတ်ဆိတ်ခြင်းသည်မိမိကိုယ်ကိုအသက်ပေးချစ်သောဘုရားရှင်နှင့်အတူရှိစေတော်မူသည်၊ဘုရားရှင်နှင့်ပေါင်းစပ်စေတော်မူသည်။ဖုံးကွယ်ရာ၌ပြုလိုသောအမှုကိုမြင်တော်မူသောသင်တို့၏အဖသည်သင်တို့အားဆုကျေးဇူးပေးသနားတော်မူလိမ့်မည်။

Daily Reflection