Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-06 09:10:14

မတ်လ ၇ ရက်
ပြာခံပွဲပြီးနောက် သောကြာနေ့။
ဟေရှာယ ၅၈:၁-၉
Friday after Ash Wednesday
Reflection by FMA-Myanmar

ငါအလိုရှိသောအစာရှောင်ခြင်းမူကားမတရားသောနှောင်ကြိုးများမှလွှတ်ပေးခြင်း၊ထမ်ပိုး၌တွဲချည်ထားသောသားရေကြိုးကိုဖြည်ပေးခြင်း၊ဖိနှိပ်ခံရသောသူတို့အားလွတ်လပ်စေခြင်း၊ဝန်ထုပ်ဟူသမျှကိုချိုးဖျက်ခြင်း၊ဆာလောင်မွတ်သိပ်သောသူကို အစားအစာဝေမျှပေးခြင်း၊နေစရာမရှိသူများနှင့် စွန့်ပစ်ခံရသူတို့ကို မိမိအိမ်၌နားခိုစေခြင်း၊အဝတ်မရှိသောသူကိုမြင်လျှင် အဝတ်အထည်ပေးခြင်း၊ မိမိဆွေမျိုးရင်းချာတို့အားမျက်ကွယ်မပြုခြင်းတို့မဟုတ်ပါလော။(ဟေရှာယ ၅၈း၆)ယခုဂျူဗလီနှစ်၂၀၂၅ရဲ့ တိုက်တွန်းသောသတိပေးချက်ဖြစ်သည့်မျှော်လင့်ခြင်းကျေးဇူးတော်စီးဆင်းရာအကြောင်းအရင်းများတွင်လူ့အဖွဲ့အစည်းများနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့လုပ်နိုင်သော အရာများမှာ ဖော်ပြပါဟေရှာယကျမ်းပိုဒ်များထဲမှလမ်းညွှန်ချက်များပင်ဖြစ်သည်။ကျွန်ုပ်တို့နိုင်ငံ၌သော်လည်းကောင်း၊ကမ္ဘာတစ်ဝှမ်း၌သော်လည်းကောင်းဆိုးရွားသောအမှုများ၊လူ့အသက်များသတ်ဖြတ်ခြင်းသဘာဝကိုယ်ကျိုးများအတွက်အလွဲသုံးစားလုပ်ခြင်း၊အွန်လိုင်းငွေလိမ်ခြင်းများမှတစ်ဆင့်သူတစ်ပါးပိုင်ဆိုင်ရငွေကြေးများ၊ပစ္စည်းများကိုလှ့ည်ဖျားယူခြင်းဖြင့်အခြားသူများအားဆင်းရဲမွဲတေမှုအဆင့်သို့ရောက်စေခြင်းများ၊အင်အားကြီးနိုင်ငံများမှစီးပွားရေးလုပ်ကွက်များချဲ့ထွင်ခြင်းဖြင့် နိုင်ငံငယ်များရောက်စေသည်များလွှမ်းမိုးလျက်ရှိသည်။ပရောဖက်ဟေရှာယကျမ်းစာမှလမ်းညွှန်ချက်များဖြင့်ကောင်းမှုကုသိုလ်များရှေးရှုသည့်လုပ်ရပ်များဖြင့်လူ့အဖွဲ့အစည်းနှင့်အမိအသင်းတော်တွင်ဂရုဏာတရားများပြည့်ဝသောဘုရားရှင်နိုင်ငံတော်ကိုတည်ဆောက်ကြပါစို့။

Daily Reflection