မတ်လ ၈ ရက်
ပြာခံပွဲပြီးနောက်စနေနေ့
ဟေရှာယ ၅၈:၉-၁၄
Saturday after Ash Wednesday
Reflection by FMA-Myanmar
ယနေ့ပထမကျမ်းသည်မနေ့ကဖတ်ရှုသောပရောဖက်ဟေရှာယကျမ်းမှကောက်နှုတ်ချက်များ၏အဆက်ဖြစ်သည်။ကျွန်ုပ်တို့၏ကောင်းမြတ်သောလုပ်ရပ်များသည်ဒုစရိုက်ဖုံးလွှမ်းသောနေရာများအတွက် အလင်းတရားများဖြစ်သည်။ ကျွန်ုပ်တို့၏အလင်းတရားဆောင်သောလုပ်ရပ်များဖြင့်သားစဉ်မြေးဆက်၊အနာဂတ်မျိုးဆက်သစ်များအားလမ်းခင်းပေးကြပါစို့။ထာဝရဘုရားသခင်မိန့်တော်မူသည်ကားသင်သည်သင်၏အလယ်မှဖိနှိပ်ခြင်း၊မဟုတ်မမှန်စွပ်စွဲခြင်း၊ဆိုးညစ်သောအပြောအဆိုများကိုဖယ်ရှားလျှင်လည်းကောင်း၊သင်၏အစားအစာကိုဆာလောင်သောသူတို့အားကျွေးမွေး၍နှိပ်စက်ခံရသူများလိုအပ်သည့်အရာများကိုဖြည့်ဆီးပေးလျှင်လည်းကောင်း သင်၏အလင်းသည်မှောင်မိုက်ခြင်းကိုဖြိုခွင်းထွန်းလင်း၍သင်၏အမှောင်သည်မွန်းတည့်ချိန်ကဲ့သို့ဖြစ်လိမ့်မည်။ထာဝရဘုရားသခင်သည်သင့်ကိုအစဉ်ဦးဆောင်ပြီးလမ်းညွှန်ပြီးခြောက်သွေ့သောမြေပြင်၌ပင်သင်လိုအပ်သောအရာများကို ပြည့်ဝစေ၍သင်၏အရိုးတို့ကိုခိုင်မာစေတော်မူမည်။ (ဟေရှာယ ၅၈:၉-၁၁)