Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-08 10:09:44

ဝါတွင်းပထမတနဂ်နွေနေ့။
လုကာ ၄း ၁-၁၃
1st Sunday of Lent.
Reflection by Celeste MSP

လူသားတွေရဲ့နေ့တဒူဘဝမှာ လိုအပ်ဆုံးအရာက အစားအစာ ဘုန်းစည်းစိမ်၊ လူတွေရဲ့ချီးမြှောက်ခြင်းတွေပါပဲ။ ဒါကြောင့်လူတွေက ဒီအရာသုံးခုရဲ့နောက် ကိုသာတစိုက်မတ်မတ်ဦးစားပေးရှာဖွေနေတတ်ကြတယ်။ အစားအစာ၊ ဘုန်းစည်းစိမ် လူတွေရဲ့နောက်ကိုလိုက်နေကြတဲ့သူတွေရဲ့ဘဝမှာ ကျေနပ်မှု၊ ရောင့်ရဲတင်းတိမ်မှု ပြည့်စုံမှုဆိုတာ မခံစားကြရဘူး။ ဘာဖြစ်လိုလဲဆိုတော့ ဒီလူတွေ ဒီလိုပုဂိုလ်တွေဟာပင်လယ်ရေသောက်နေရသလိုပါပဲ၊ ပင်လယ်ရေကိုသောက်တဲ့သူဟာသောက်လေငတ်မပြေပါပဲ၊ ဝမ်းဗိုက်ကသာဖောင်းကားပြီးပေါက်ကွဲသွားမယ်ရေငတ်မပြေပါဘူး။ ဒါကြောင့် အစားအစာ ဘုန်းစည်းစိမ် , လူတွေရဲ့ချီးမြှောက်ခြင်းတွေကို သာ အဓိကဦးစား ပေးရှာနေတဲ့လူတွေရဲ့နှလုံးသားထဲမှာ
ဘုရားမေ့  တရားမေ့
ဘုရားမေ့တဲ့အခါ တရားမရှိ
တရားမရှိတဲ့အခါ စာနာမှုမရှိ
စာနာမှုမရှိတဲ့အခါ မတရားမှုဖြစ်လာ
ဒါကြောင့် မတရားမှုဖြစ်လာရတဲ့ အဓိကတရားခံက စာနာမှုတွေ ပျောက်သွားလို့ပါပဲ။စာနာမှုတွေပျောက်ရတဲ့အဓိက‌အကြောင်းအရင်း ကလည်း ဘုရားမေ့ တရားမေ့သွားလို့ ပါပဲ။
ဒီနေ့ကျမ်းစာတော်မြတ်ရဲ့ သတင်းစကားမှာ အဓိကနဲ့သာမည ကို ခွဲခြား ရှင်သန်တတ်ဖို့ ပဲဖြစ်ပါတယ်။ဒီအတွက်နေ့စဥ်ရှင်သန်ရတဲ့ လူ့လောကကြီးမှာတစ်ဆူတည်းသော ဘုရားကိုသာယုံကြည်ကိုးကွယ်ခြင်းဖြင့်ကိုယ်တော်ရဲ့နုတ်ကပတ်တိုင်း အသက်ရှင်နေထိုင်ကြရင် အရာအားလုံးကိုတတ်စွမ်းတော်မူသော ဘုရားသခင်ကကျွန်ုပ်တို့လိိုအပ်နေတဲ့အရာတွေဖြည့်စည်းပေးမှာပါ။


Daily Reflection