မတ်လ (၁၂)ရက်
ဝါတွင်းကာလ ပထမသီတင်းပါတ်ဗုဒ္ဓဟူးနေ့
ရှင်လုကာ ၁၁း၂၉-၃၂
First Week of Lent,Wednesday
Reflection by FMA-Myanmar
“ဤလူမျိုးဆက်သည် ဆိုးညစ်သောလူမျိုးဖြစ်၍နမိတ်လက္ခဏာကိုတောင်း၏၊ “ယေဇူးဘုရားရှင်နောက်လိုက်သောသူများထဲတွင်နက်ရှိုင်းစွာကျင့်ကြံလိုသူများပါသလို ၊ကိုယ်တော်ဟာဘယ်သူလဲဆိုတာသိချင်ကြသူ၊ပြုလုပ်သောတန်ခိုးတော်များကို မြင်ချင်သောသူများလည်းပါပါတယ်၊အချို့သောတပည့်တော်များဟာလည်း ကြုံတွေ့ရသောတန်ခိုးလက္ခဏာများကိုယုံကြည်ဖို့အားနည်းခဲ့တယ်၊ခေါင်းမာခဲ့တယ်၊ နှလုံးသားကလက်မခံခဲ့ဘူး၊ကျွန်ုပ်တို့လူသားများဟာတန်ခိုးလက္ခဏာများကိုမျှော်လင့်တယ်၊တန်ခိုးလက္ခဏာများပြဖို့တောင်းဆိုကြတယ်၊တကယ်တော့နေ့စဥ် ဘဝသက်တာမှာ
ကြုံတွေ့နေရသောတန်ခိုးလက္ခဏာ များရှိပါတယ်။ဒီဝါတွင်းကာလမှာကျွန်ုပ်တို့အသိနိုင်ဆုံးတန်ခိုးလက္ခဏာကတော့ကျွန်ုပ်တို့အပြစ်တွေကိုခရစ်တော်ဟာသူ့ရဲ့ကားတိုင်ထက်မှာတင်ပူဇော်ပြီးသူနဲ့အတူဘ၀အသစ်ကို စတင်စေခြင်း(အကျင့်တရားပြောင်းလဲခြင်း) ဘဲဖြစ်ပါတယ်၊ခရစ်တော်ဘုရားရှင်ရဲ့ချစ်ခြင်းလက်၀ါးကပ်တိုင်ကိအမြဲထောက်ရှုဆင်ခြင်လျှက်ကျွန်ုပ်တို့ဘ၀ကိုဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာ၌အသစ်တဖန်ပြောင်းလဲပြီးပတ်ဝန်းကျင်မှာလည်းမိမိရဲ့ပြောင်းလဲသွားတဲ့ ဘ၀သစ်ကိုယေဇူးဘုရားပြလိုတဲ့နမိတ်လက္ခဏာများအဖြစ် သက်သေခံသွားကြပါစို့။