မတ်လ (၁၃) ရက်၊ ကြသပတေးနေ့။
ဝါတွင်းကာလပထမသီတင်းပတ်
ပထမကျမ်း (အက်စတာဝတ္ထု-၄း ၁၂, ၁၄-၁၆,၂၃-၂၅)
Reflection by FMA-Myanmar
ကျွန်ုပ်တို့တစ်ဦးစီသည်စိတ်သောကဝေဒနာခံစားရချိန်တိုင်းဘယ်အရာတွေလုပ်ဖြစ်ကြသနည်း။ဘယ်သူ့ဆီအားကိုးရှာ၊အဖြေရှာကြသနည်း။ယနေ့ဖတ်ရှုရသောပထမကျမ်းစာတော်မြတ်ကနေဘုရားရှင်ကကျွန်ုပ်တို့ကိုလမ်းညွှန်ပြနေပါသည်။အက်စတာဘုရင်မဟာဘုရင်မတစ်ပါးအနေဖြင့်မိမိလူမျိုးတော်တွေဒုက္ခအန္တရာယ်ရင်ဆိုင်ရမည့်ဘုရင်၏အမြတ်ဒေါသကပ်ဘေးကြောင့် သေလုမတတ်စိတ်သောကပူပြင်ကျရောကြောင်းဖတ်ရှုကြရသည်။ကျွန်ုပ်တို့တစ်ဦးချင်းစီလည်းအက်စတာဘုရင်မကဲ့သို့ ဘုရားပေးခေါ်တော်မူခြင်းနှင့်အညီစိတ်သောကဒုက္ခအခက်အခဲများကိုနေ့စဉ်နှင့်အမျှကြုံတွေ့ရင်ဆိုင်နေကြရပါသည်။အက်စတာဘုရင်မဟာစိတ်သောကအခက်အခဲများနဲ့ရင်ဆိုင်ကြုံတွေ့နေရချိန်ဘုရားရှင်ထံချဉ်းကပ်၍ဤသို့ဆုတောင်းခဲ့သည်။“အိုသခင်၊ကိုယ်တော်သာလျှင်ကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၍ အကျွန်ုပ်ကိုကူညီမစတော်မူပါ။ကိုယ်တော်မှတစ်ပါးကျွန်ုပ်အားကူညီမည့်သူမရှိပါ။ဤကျမ်းစာတော်မြတ်အားဖြင့်ကျွန်ုပ်တို့တစ်ဦးစီလည်းအက်စတာဘုရင်မ၏ပုံဉပမာကိုအတုယူရင်းဒုက္ခအခက်အခဲပြသနာများကြုံတွေ့ရင်ဆိုင်ရချိန်တိုင်းဘုရားရှင်ကိုချဉ်းကပ်ကြရအောင်။မိမိတို့ကြုံတွေ့ရင်ဆိုင်နေရသောဒုက္ခအခက်ခဲပြသနာများကိုဘုရားရှင်ထံပုံအပ်ကြရအောင်။အက်စတာဘုရင်မကဲ့သို့ဘုရားရှင်၌သာကူညီစောင်မခြင်းကို ရှာဖွေအားကိုးကြရအောင်။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar