Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-13 09:14:54

မတ်လ(၁၄)ရက်၊သောကြာနေ့
ဝါတွင်းကာလပထမသီတင်းပတ်
ဧဝံဂေလိကျမ်း(ရှင်မာတေဦး ၅း၂၀-၂၆)
Reflection by FMA-Myanmar

ယနေ့ဖတ်ရှုရသောကျမ်းစာတော်မြတ်ထဲမှာဘုရားရှင်ဟာပူဇော်သက္ကာတွေထက်အချင်းချင်းပြန်လည်သင့်မြတ်ခြင်းကိုသာအလိုရှိတော်မူကြောင်းကိုဖတ်ရှုကြရသည်။”သင်သည်ဘုရားရှင်ထံ ပူဇော်သက္ကာရယူဆောင်သွားစဉ်၊သင့်ညီအစ်ကိုသည်သင့်အပေါ်အပြစ်ရှိသည်ဟုသတိရလျှင်ပူဇော်သက္ကာကိုချန်ထား၍အရင်ဆုံးသင့်မြတ်စွာပြန်လည်သင့်မြတ်ပါ။”(ရှင်မာတေဦး ၅း ၂၃-၂၄)ဤအချက်ကိုထောက်ရှုရင်းသခင်ခရစ်တော်သည်ကျွန်ုပ်တို့ခရစ်ယာန်တစ်ဦးစီအားအပြင်ပိုင်ဆိုင်ရာပူဇော်သက္ကာထက်တစ်ဦးကိုတစ်ဦးသင့်မြတ်စွာနေထိုင်ခြင်းကိုအရင်ဆုံးဦးစားပေးတည်ဆောက်ဖို့ဖိတ်ခေါ်နေပါသည်။ဝါတွင်းအချိန်ကာလတွင်ကျွန်ုပ်တို့သည်ဝါရှောင်ခြင်း၊ပေးကမ်းစွန့်ကြဲခြင်း၊ဆုတောင်းကြသည်နဲ့အလျှောက်အချင်းချင်းအခွင့်လွှတ်မေတ္တာပို့ပေးခြင်းများပြုလုပ်ခြင်းသည်ကျွန်ုပတို့၏ပူဇော်သက္ကာများကို ထိုက်တန်သောပူဇော်ခြင်းများဖြစ်စေပါသည်။ယခုလိုဝါတွင်းအချိန်ကာလမှာဘုရားရှင်နဲ့ ပြန်လညကျေအေးသင့်မြတ်အောင်နှောင့်နှေးခြင်းမရှိဘဲအပြစ်ဖြေစက္ကရမင်းမင်္လာတော်မြတ်ကို ချဉ်းကပ်ကြပါစို့။

Daily Reflection