မတ်လ(၁၅)ရက်၊စနေနေ့
ဝါတွင်းကာလပထမသီတင်းပတ်
ဧဝံဂေလိကျမ်း(ရှင်မာတေဦး ၅း၄၃-၄၈)
Reflection by FMA-Myanmar
ခရစ်ယာန်အသက်တာဘဝဟူသည်သခင်ခရစ်တော်၏ခြေရာနောက်လိုက်ခြင်းဖြစ်သည်။သခင်ခရစ်တော်ဘုရားရှင်နောက်လိုက်ရာတွင် ခရစ်ယာန်တစ်ဦးအနေဖြင့်ခရစ်တော်ဘုရားရှင်၏သွန်သင်မှုများကိုလိုက်နာကျင့်ကြံရန်ခေါ်တော်မူခြင်းခံရသည်။ယနေ့ဖတ်ရှုရသောဧဝံဂေလိနှုတ်ကပါတ်တော်မြတ်အားဖြင့် ခရစ်တော်ဘုရားရှင်သည်ကျွန်ုပ်တို့ခရစ်တော်ဘုရားရှင်သည်ကျွန်ုပ်တို့အယောက်စီတိုင်းအားဖိတ်ခေါ်နေသည်မှာ “ရန်သူကိုချစ်ဖို့နှင့်မိမိအားညှဉ်းဆဲသောသူများအတွက်ဆုတောင်းမေတ္တာပို့ပေးဖို့”ပင်ဖြစ်သည်။ဤအချက်ကိုထောက်ရှုရင်းခရစ်ယာန်ဘဝအသက်တာသည်အလွယ်လမ်းကိုလျှောက်လှမ်းရသောဘဝခရီးလမ်းမဟုတ်ပေ။ ခရစ်ယာန်ဘဝအသက်တာဟူသည်စိန်ခေါ်မှုများနဲ့ အမှန်တရားအတွက်ရပ်တည်ရဲသောဘဝ၊မိမိ၏အလိုဆန္ဒတွေကိုငြင်းပယ်ရင်းဘုရားရှင်၏အလိုတော်ကိုရှာဖွေသောဘဝအသက်တာပင်ဖြစ်သည်။ကောင်းမြတ်တော်မူသော ဘုရားရှင်သည်မိမိ၏နေကိုအဆိုးအကောင်းမခွဲခြားဘဲမိမိနှင့်နီးစပ်သောသူကိုချစ်ဖို့၊မိမိအပေါ်မကောင်းမှုကျူးလွန်သူများအတွက်အခွင့်လွှတ်ခြင်းကျေးဇူးတော်တောင်းခံရင်းမေတ္တာပို့ပေးရန်ဘုရားရှင်ဖိတ်ခေါ်နေပါသည်။သခင်ခရစ်တော်ကိုယ်တိုင်ကားတိုင်ထက်မှမိမိအားနှိပ်စက်ညှဉ်းပန်းသောသူများအဖို့အဖခမည်းတော်ထံအခွင့်လွှတ်ပေးဖို့တောင်းခံခဲ့သကဲ့သို့ကျွန်ုပ်တို့ခရစ်ယာန်အယောက်စီတိုင်းသည်မိမိအားညှဉ်းဆဲသူများအလင်းတရားရရှိလာရန် ဆုတောင်းပေးရင်း ကောင်းကင်ဘုံရှိအဖခမည်းတော်ဘုရား၏သားသမီးများဟုအခေါ်ခံထိုက်သူများဖြစ်လာပါလိမ့်မည်။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar