မတ်လ(၁၇)ရက်
ဝါတွင်းကာလဒုတိယပတ်တနင်္ဂလာနေ့
ရှင်လုကာ ၆:၃၆-၃၈
Reflection by FMA-Myanmar
ဝါတွင်းကာလအတွင်းကျင့်ကြံသောလုပ်ငန်းစဉ်များထဲမှ“Fasting”ချိုးခြံဝါရှောင်ခြင်းတွေမှာအများအားဖြင့်ကျွန်ုပ်တို့ကြိုက်နှစ်သောအရာများဉပမာ-အစားအစာ၊အပြုအမူ-ရုပ်ရှင်ကြည့်ခြင်း၊
အလည်အပတ်သွားခြင်းများချိုးခြံခြင်းများ လုပ်တတ်တယ်။စိတ်ဓာတ်ပိုင်းအရချိုးခြံရှောင်ရှားခြင်းလုပ်နိုင်တဲ့အချက်ကို ဒီကနေ့ကျမ်းစာတော်မြတ်မှာလည်း တွေ့နိုင်ပါတယ်။Do not judge the others do not condemn the other.လူသားတွေရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့အကျင့်_အမြင်အာရုံ၊အကြားအာရုံနဲ့ဆုံးဖြတ်တတ်တယ်။အခြားသူတစ်ယောက်ရဲ့ပျော့ညံ့သော၊စာရိတ္တမကောင်းကြောင်းကိုကြားပြီးရင်၊မကြိုက်တဲ့အမြင်နဲ့ ဒီလူတွေကိုဆက်ဆံတတ်တယ်။ကိုယ့်ရဲ့တွေးခေါ်ချက်ကိုဘဲအဓိကစံနှုန်းအဖြစ်ကြည့်တတ်ကြတယ်။ကိုယ်ကြည့်နေကျပြတင်းပေါက်ကနေဘဲမရပ်ဘဲအပြင်ကိုထွက်ပြီးကြည့်နိုင်အောင်ကြိုးစားကြပါစို့။သူတစ်ပါးကိုကိုယ်ရဲ့မျက်လုံး၊အတွေးနဲ့ဘဲကြည့်တတ်ခြင်းကိုရှောင်ရှားပြီးကောင်းကင်ဘုံမှာရှိသောအဖဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့နှလုံးသားနဲ့အမြင်ပြောင်းကြည့်ဖို့ဖိတ်ခေါ်ထားပါတယ်။သူတစ်ပါးအားစွန့်ကြဲခြင်းမှာလဲ”Full Measure”တတ်နိုင်သလောက်အပြည့်သိပ်ပြီးပေးကမ်းစွန့်ကြဲကြပါစို့။တနည်းအားဖြင့်ပြောရရင်စေတနာအပြည့်အဝနဲ့(ဈေးတွက်ချက်ခြင်းမရပါဘဲ)လှူဒါန်းပေးကမ်းကြပါစို့။တစ်ခါတစ်ရံပစ္စည်းဉစ္စာ၊ငွေကြေးပေးကမ်းဖို့မဖြစ်နိုင်ရင်လိုအပ်သောသူတွေကိုမေတ္တာအပြည့်အဝနဲ့ဆုတောင်းပေးခြင်းအမှုကို ပေးကမ်းလို့ရပါတယ်။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar