Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-17 10:18:33

မတ်လ(၁၈)ရက်
ဝါတွင်းကာလ ဒုတိယပတ် အင်္ဂါနေ့
ဟေရှာယ ၁:၁၀,၁၆-၂၀
Reflection by FMA - Myanmar

ထာဝရဘုရားသခင်၏ဆော်ဒုမ်နှင့်ဂေါ်မော်ရာမြို့မှာရှိသောသူများ၊အုပ်ချုပ်သောသူများကိုညွှန်ကြားထားတဲ့အကြောင်းအရာများကိုပထမကျမ်းမှာဖော်ပြထားပါတယ်။အာဗြာဟမ်ခေတ်မှာ
ဆော်ဒုမ်နှင့်ဂေါ်မော်ရာမြို့ဟာဒုစရိုက်မှုများနဲ့ပြည့်နှက်တဲ့မြို့နှစ်မြို့ဖြစ်ပါတယ်။မြို့သူမြို့သားများဟာမိမိတို့ရဲ့အာသီသဆန္ဒများ၊မာန်မာနများ၊မောက်မာဂုဏ်တက်မှုများ လွှမ်းမိုးတဲ့အတွက်စိတ်ညစ်ညူးခြင်း၊ဘုရားရှင်၏သန့်ရှင်းသောတည်ရှိမှုကိုဂရုမပြုဘဲမိမိသဘောနှင့်သာကိလေသာ၏နှောက်ယှက်ခြင်းများနှင့် နစ်မွန်းနေသောဘဝဖြင့်နေကြတယ်ထာဝရဘုရားသခင်၏အမိန့်တော်မှာ”မှားယွင်းသောနတ်ဆိုး၏လုပ်ရပ်များကိုစွန့်ခွာပြီးသန့်ရှင်းသောဘဝနှင့်ဘုရားကိုအာရုံပြုနိုင်သောအမှုများဖြင့်ပြန်လည်နေထိုင်နိုင်ရန်တိုက်တွန်းထားပါတယ်။ဘုရားရှင်ကိုအမြဲဦးစားပေးလို့ရှိရင်ကျွန်ုပ်တို့ဘဝသက်တာဟာမာန်မာန၊ကိလေသာများရဲ့လွှမ်းမိုးမှုမှရုန်းထွက်နိုင်ပါတယ်။ဒီလိုကြိုးစားရတဲ့အချိန်မှာခွန်အားပေးတဲ့အလင်းတရားကတော့”Presence of God”ဘုရားရှင်ရဲ့မျက်မှောက်တော်မှာရှိတယ်။ကျွန်ုပ်တို့ဘယ်အရာကိုမှဖုံးကွယ်ထားလို့မရဘူး။ကျွန်ုပ်တို့ရဲ့အသက်တာဘဝဟာဘုရားသခင်ပေးထားတဲ့အသက်ဝိညာဉ်နဲ့ရှင်သန်နေတာဖြစ်တယ်။ကမ္ဘာဦးကပင်ကျွန်ုပ်တို့လူသားများစားသောက်အသက်ရှင်နိုင်ဖို့ကိုသတ္တလောကကြီးကိုဘုရားရှင်ဖန်ဆင်းထားပေးပြီးတီထွင်ကြံဆတတ်တဲ့ဉာဏ်နဲ့လှုပ်ရှားရုန်းကန်နိုင်တဲ့ကာယခွန်အားကိုလည်းပေးပြီးဖြစ်တဲ့အတွက်သန့်ရှင်းဖြောင့်မတ်သောဘဝဖြင့်နေထိုင်ကြဖို့ပထမကျမ်းမှတိုက်တွန်းထားပါတယ်။“သင်တို့သည်ဆန္ဒရှိပြီးနားထောင်ကြပါလျှင်မြေကြီးမှရရှိသောကောင်းမြတ်ခြင်းကိုစားသုံးကြရလိမ့်မည်။သင်တို့သည်ငြင်းဆန်ပုန်ကန်ကြလျှင်ဓားလက်နက်ဘေးဖြင့်သေကျေပျက်စီးရလိမ့်မည်။(ဟေရှာယ)

Daily Reflection