မတ်လ(၁၉)ရက်
ဝါတွင်းကာလဒုတိယပတ်ဗုဒ္ဓဟူးနေ့
ကညာစင်မာရီးယား၏ခင်ပွန်းတော်စိန်ဂျိုးဇက်ပွဲနေ့
Reflection by FMA-Myanmar
ဒီကနေ့ဟာကက်သလစ်အသင်းတော်အားကာကွယ်စောင့်ရှောက်သောရဟန္တာ၊သခင်ခရစ်တော်၏အုပ်ထိန်းသူစိန်ဂျိုးဇက်ရဲ့ပွဲနေ့ဖြစ်ပါတယ်။ရှင်မာတေဦး(၁:၁၉)ဂျိုးဇက်သည်ဖြောင့်မတ်သောသူဖြစ်ကြောင်းကိုဤကျမ်းချက်မှာအတိအလင်းဖော်ပြထားပါတယ်။ဂျူးလူမျိုးရဲ့ဓလေ့အစဉ်အလာတွင်”လက်ထပ်ထိမ်းမြားခြင်း”၌အဆင့်နှစ်ဆင့်တွေ့ရသည်။
၁)စေ့စပ်ထားခြင်းအဆင့်၌သားတို့သား၊သားတို့သမီးနှစ်ဦးသည်လူပရိတ်သတ်အလယ်တွင်တရားဝင်ဇနီးမောင်နှံဖြင့်သတ်မှတ်ခြင်းခံရသည်။၂)သတ်မှတ်သောအချိန်ကာလတစ်ခုအပြီးတွင်သားတို့သားဘက်မှသားတို့သားမီးအိမ်သို့သွားရောက်ပြီးသူ၏အိမ်သို့ခေါ်လာခြင်းဖြင့် လက်ထပ်ထိမ်းမြားခြင်း အထမြောက်လေသည်။
ဂျိုးဇက်သည်အပျိုစင်မာရီးယားအခြေအနေကိုသိသဖြင့် စိတ်နှလုံးပူပန်ခြင်းကိုခံစားနေရသည်။မိမိအိမ်သို့မခေါ်ယူမှီမာရီးယား၏ဘုရားရှင်ပေါ်ဆက်ကပ်လိုသောဆန္ဒကိုလည်းသိသည်။အိပ်မက်တွင်တမန်တော်မှမြွက်ကြားသော(ရှင်မာတေဦး ၁:၂၀)တွင်မာရီးယားကိုသူ့အိမ်သို့ခေါ်ရန်မကြောက်နှင့်၊သူမသည်သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးတော်ဖြင့်ပဋိသန္ဓေစွဲဖြစ်ခြင်းကြောင်းကိုဖော်ပြခြင်းခံရသဖြင့်ဂျိုးဇက်၏ယုံကြည်ခြင်းပါရမီမှဘုရားရှင်၏အလိုတော်ကိုလုံးလုံးလျားလျားဆောင်ရွက်လေသည်။သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်သည်ယေဇူးဘုရား၏မယ်တော်ဖြစ်သောမာရီးယားအပေါ်သို့ဆင်းသက်သည်။ယေဇူးဘုရား၏ဖခင်ဖြစ်သောဂျိုးဇက်အပေါ်သို့လည်း”ယုံကြည်ခြင်း၊နှိမ့်ချစွာ ဘုရားသခင်၏အလိုတော်ကိုပူးပေါင်းဆောင်ရွက်လိုသောစိတ်ဆန္ဒ၊အပြုအမူများကြောင့်”သန့်ရှင်းသောကျေးဇူးတော်များဆက်လက်ဆင်းသက်လေသညဂျိုးဇက်သည်ကျမ်းစာအစဉ်အလာမှဖော်ပြသောယုံကြည်ခြင်း၏ဖခင်ဖြစ်သည့်အာဗြာဟမ်နှင့်ထာဝရဘုရားသခင်အားအပြည့်အဝချစ်ခင်သောဒါဝိတ်မျိုးရိုးမှဆင်းသက်လာသောသူဖြစ်သည်။ဤစိန်ဂျိူးဇက်ပွဲနေ့တွင်အသင်းတော်ကိုဦးဆောင်နေသောအုပ်ထိန်းသူ၊ရဟန်းမင်းကြီးနှင့်ဆရာတော်များအတွက်သော်လည်းကောင်း၊မိသားစုများ၏အိမ်ထောင်ဦးစီးဖခင်များအတွက်သော်လည်းကောင်းဆုတောင်းပေးကြပါစို့။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar