မတ်လ(၂၀)ရက်
ဝါတွင်းကာလဒုတိယသီတင်းပတ်-ကြာသပတေးနေ့
ပထမကျမ်း ယေရမိ၁၇:၅-၁၀
Reflection by FMA-Myanmar
ထာဝရဘုရားကိုယုံကြည်အားထား၍ကိုယ်တော်၌မျှော်လင့်ကိုးစားသောသူသည်မင်္ဂလာရှိ၏။ထိုသူသည်မြစ်ကမ်းပါး၌စိုက်ထားသောသစ်ပင်ကဲ့သို့ဖြစ်၍အမြစ်များသည်စမ်းချောင်းတွင်ဖြာထွက်ရှိသဖြင့်အပူဒဏ်ကိုကြောက်ရွံ့လိမ့်မည်မဟုတ်။နေ့စဉ်ကြားနေရသောနိုင်ငံသတင်း၊ကမ္ဘာတစ်ဝှမ်းသတင်းများကစိတ်ရှုပ်ထွေးစရာ၊ပူပင်းသောကရောက်စရာတွေနဲ့ပြည့်နေပါတယ်။ကျွန်ုပ်တို့မြင်ချင်လိုသော၊ဖြစ်ချင်လိုသောငြိမ်းချမ်းခြင်း ၊သဟဇာတရှိခြင်းများ၊သဘာဝပတ်ဝန်းကျင်၏ငြိမ်သက်သာယာမှုများတွေ့ဖို့ရန်အကောင်အထည်ဖော်ဖို့ရန်ခက်ခဲသော၊ခြိမ်းခြောက်ခံနေရသောအချိန်ဖြစ်နေပါတယ်။ဘုရားရှင်ကျွန်ုပ်တို့တစ်ဦးချင်းစီကိုဘယ်လိုဖိတ်ခေါ်နေပါသလဲ။ကျမ်းချက်မှာဖော်ပြထားတဲ့အတိုင်းကျွန်ုပ်တို့အပြစ်များတသွင်သွင်စီးဆင်းသောမြစ်မှအားယူတတ်ခြင်းဖြင့်ပြန်လည်လန်းဆန်းပြီးအပူဒဏ်(သဘာဝဒဏ်၊ပျက်စီးနေသောကမ္ဘာကြီး၏အခြေအနေများကို)ခံနိုင်ရည်ရှိပါလိမ့်မည်။ကျွန်ုပ်တို့ယုံကြည်အားထားသောဘုရားမှာထာဝရဘုရား၊ဖန်ဆင်းရှင်၊ကယ်တင်ရှင်၊အသက်ပေးသောအရှင်၊အားလုံးစုံကိုတတ်နိုင်သော အရှင်ဖြစ်ပါတယ်။ကျွန်ုပ်တို့ပြုလုပ်သင့်တဲ့အရာကတော့မိမိရဲ့နှလုံးကိုစင်ကြယ်စွာထားရန်၊ကောင်းမြတ်ခြင်း၏အရင်းအမြစ်ဖြစ်သောဘုရားရှင်မျက်မှောက်တော်၌ဆန်းစစ်တတ်သောအကျင့်ရှိရပါမယ်။ကိုယ့်ရဲ့အစ်ပြစ်ကဘယ်နေရာမှာကောင်းကောင်းမှီခိုအားယူလဲဆိုတာဆန်းစစ်တတ်ခြင်း အားဖြင့်ကျွန်ုပ်တို့ရဲ့ဝိညာဉ်ရေးရာ၊စိတ်ဓာတ်ရေးရာကျဆင်းရသောအခြေအနေများမျရုန်းထွက်ကြပါစို့။အပူဒဏ်ကိုခံနိုင်ရည်ရှိရန်အားဖြည့်ပေးသောအသက်ရှင်သောရေ_ခရစ်တော်၌အားပြုဖြည့်ဆီးကြပြစို့။ငါထာဝရတစ်ပါးတည်းသာလူတို့၏အကြံအစည်နှင့်စိတ်နှလုံးကိုစစ်ဆေးနိုင်ပြီးလူတိုင်းကိုလည်းသူတို့၏ကျင့်ကြံခြင်းနှင့်လုပ်ဆောင်ချက်များအတိုင်းထိုက်သင့်သည့်ဆုလာဘ်ပေးသနားတော်မူမည်။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar