မတ်လ(၂၁)ရက်၊သောကြာနေ့။
ဝါတွင်းကာလဒုတိယသီတင်းပတ်
ပထမကျမ်း (ကမ္ဘာဦးကျမ်း ၃၇း ၃-၄၊၁၂-၁၃က၊၁၇ခ -၂၈)
Reflection by FMA-MYANMAR
“ကိုယ့်ညီကိုသတ်၍သူ၏သွေးကိုဖျောက်ဖျက်ခြင်းဖြင့်ငါတို့အတွက်မည်သည့်အကျိုးရှိမည်နည်း။”…ယနေ့ဖတ်ရှုရသည့် ပထမကျမ်းစာတော်မြတ်ထဲမှာဂျိုးဇက်သည်သူ့ညီအစ်ကိုများ၏မနာလိုမုန်းတီးခြင်းကြောင့်အီဂျစ်ပြည်သို့ ရောင်းစားခဲ့ရသည့်အကြောင်းကိုကြားနာကြရသည်။တစ်ခါတစ်လေမှာကျွန်ုပ်တို့ဟာကျမ်းစာတော်မြတ်ထဲကဂျိုးဇက်၏ညီအစ်ကိုများကဲ့သို့ဖြစ်တတ်ကြသည်။အထူးသဖြင့်တစ်ပါးသူ၏အောင်မြင်မှု၊အချစ်ခံရမှုကို မြင်ရလျှင်မနာလိုမုန်းတီးခြင်းများဖြစ်ကာသူတစ်ပါး၏အနာဂတ်ကိုဖြတ်စီးလိုစိတ်စသည့်အလွန်ကြောက်စရာကောင်းသောစိတ်နေစိတ်ထားပင်ဖြစ်တတ်ကြသည်။“ကိုယ့်ညီကိုသတ်ပြီးသူ၏သွေးကိုဖျောက်ဖျက်ခြင်းဖြင့်ငါတို့အတွက်မည်သည့်အကျိုးရှိမည်နည်း”ဟူသောယုဒ၏စကားအတိုင်းကျွန်ုပ်တို့သည်လည်းတစ်ပါးသူ၏အနာဂတ်ဖွံ့ဖြိုးတိုးတတ်မှု၊အောင်မြင်မှုများကိုမနာလိုမုန်းတီးခြင်း၌ည်သည့်အကျိုးမျှမရှိကြောင်းသိမှတ်ကာသူတစ်ပါးကောင်းစားဖို့၊အနာဂတ်ကောင်းစားဖို့နှင့်တိုင်းပြည်တိုးတက်ကာအများပြည်သူကောင်းစားဖို့ကိုသာရှာဖွေတည်ဆောက်သူများဖြစ်နိုင်ရန်ဘုရားရှင်ထံကျေးဇူးတော်တောင်းခံသွားကြပါစို့။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar