မတ်လ(၂၂)ရက်၊စနေနေ့။
ဝါတွင်းကာလ ဒုတိယသီတင်းပတ်
ဧဝံဂေလိကျမ်း (ရှင်လုကာ ၁၅း ၁-၃၊ ၁၁-၃၂)
Reflection by FMA MYANMAR
“သူသည် အဝေး၌ရှိစဉ်ပင် သူ၏အဖသည်သူ့ကို လှမ်းမြင်သဖြင့်သနားခြင်းစိတ်ရှိ၍ ပြေးသွားပြီးလျှင်သူ့ကိုပွေ့ဖက်၍ နမ်းရှုပ်လေ၏။”.ဒီနေ့ဖတ်ရှုရသော ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာ ပျောက်သောသား၏ ပုံဥပမာကိုကြားနာကြရသည်။ကျွန်ုပ်တို့နေ့စဉ်အသက်တာမှာ တစ်ခါတစ်လေ ကျွန်ုပ်တို့လည်း ပျောက်သောသားလို အဖဘုရားရှင်၏ကောင်းမြတ်ခြင်းကို လက်မခံ တန်ဖိုးမထားဘဲ မိမိ၏ စိတ်အလိုနောက်လိုက်ဖို့ အဖဘုရားရှင်၏မျက်မှောက်တော်မှထွက်ပြေးပြီးလောကပေးပျော်ရွှင်မှု၊ လွတ်လပ်မှုကို ရှာဖွေတတ်ကြသည်။ ဤသို့လောကပေးပျော်ရွှင်မှု၊ လွတ်လပ်မှုတွေ ရှာဖွေရင်း တစ်ခါတစ်လေ ကျွန်ုပ်တို့ လွတ်လပ်မှု၊ပျော်ရွှင်မှုရမည့်အစား မိမိစိတ်၏ကျေးကျွန်များဖြစ်ကာအပြစ်နွံနှစ်ထဲနှစ်မွမ်းတတ်ကြသည်။ တစ်ဆက်ထဲမှာဘဲကျမ်းစာတော်မြတ်ထဲကပျောက်သောသားသည် မိမိဒုက္ခအခက်အခဲရောက်နေချိန် အမြင်မှန်ရပြီး ရည်ရွတ်သည်မှာ“ငါ့အဖ၏အစေခံများသည် ဝလင်စွာအလျှံပယ်စားကြရ၏။ ငါမူကား ဤနေရာတွင် အစာငတ်၍ သေရတော့မည်။
ငါသည် ထ၍ငါ့အဖထံသို့သွားမည်။ အဖ၊ ကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖကိုလည်းကောင်းပြစ်မှားမိပါပြီ။ အကျွန်ုပ်ကို အဖ၏သားဟု အခေါ်မခံထိုက်တန်ပါ။ အဖ၏အစေခံတစ်ဦးကဲ့သို့အကျွန်ုပ်ကိုထားပါဟူ၍ သူ့အားပြောမည်ဟု”…ဤအချက်ကိုကြည့်ခြင်းဖြင့်ကျွန်ုပ်တို့တစ်ဦးစီလည်းမိမိ၏စိတ်အလိုကိုလိုက်ရင်း မိမိကိုယ်ကိုလည်းကောင်း၊မိမိနဲ့နည်းစပ်သောသူများဖြင့် ဘုရားရှင်၏အနန္ဒချစ်ခြင်းမေတ္တာတော်ကို ပြစ်မှားဆန့်ကျင်သော အပြစ်များအတွက်ဒီဝါတ္ငင်းအချိန်အခါသမယမှာပျောက်သောသားကဲ့သို့ အပြစ်ဖြေခြင်းစက္ကမင်းမင်္လာကိုချဉ်းကပ်ခြင်းဖြင့်အခွင့်လွတ်ခြင်းချမ်းသာကိုတောင်းခံကြရအောင်။ချစ်ခြင်းမေတ္တာတော်မြတ်နဲ့ပြည့်စုံတော်မူသောအဖဘုရားရှင်သည် နောင်တတရားနဲ့ ပြန်လာသောသားအငယ်၏ အပြန်ကို လှမ်းမြင်သောဘုရားရှင်သည်ကျွန်ုပ်တို့၏ အပြန်ကိုစောင့်မျှော်နေသည်။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar