မတ်လ(၂၃)ရက်
ဝါတွင်းကာလ တတိယတနဂ်နွေနေ့။
လုကာ ၁၃း၁-၉
3rd Week of Lent.
Luke 13:1-9
Reflection by FMA_MYANMAR
“သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ငါလာ၍အသီးကိုရှာသော်လည်းမတွေ့ရ။ခုတ်ပစ်လော့။အဘယ်ကြောင့်မြေကိုနှောက်ယှက်ရသနည်း။”(ရှင်လုကာ ၁၃း ၇)သင်္ဘောသဖန်းပင်ဟာမိမိတို့တစ်ဦးစီကို ဘုရားရှင်ပေးသော လက်ဆောင်ဘဝအသက်တာအဖြစ် မှတ်ယူပြီး၊ကောင်းသောသင်္ဘောသဖန်းသီးများကိုမိမိကိုဘုရားရှင်ပေးသောကျေးဇူးတော်များအဖြစ်ခံယူပါ။ရက်ရောပြီးကောင်းမြတ်တော်မူတဲ့ဘုရားရှင်ကိုထိုသင်ဘောသဖန်းပင်စိုက်ပျိုးထားသောခြံပိုင်ရှင်အဖြစ်စိတ်ကူးယဉ်ကြည့်ပါ။ဧဝံဂလိကျမ်းထဲမှ ခြံအလုပ်သမားတောင်းဆို သည့်အတိုင်း(၁)နှစ်အချိန်ပေးပြီး ထိုသင်္ဘောသဖန်းပင်ကို တဖန်သွားရောက် ကြည့်ရှုချိန်အခြေအနေ(၃)မျိုးဖြစ်နိုင်သည်ကိုမှန်းဆကြည့်ပါအကယ်၍ ခြံပိုင်ရှင်ဘုရားရှင်မျှော်လင့်သည့်အတိုင်းမိမိသည်အသီးတစ်လုံးမျှမသီးသောအခါ(သို့)အသီးအနည်းငယ်မျှသီးသောအခါ(သို့)အသီးကောင်းများစွာသီးနေသောအခါဘုရားရှင်သည်တုံ့ပြန်မည်နည်း။အသီးတစ်လုံးမျှမသီးသောအခါ ထိုအပင်ကိုခုတ်ပစ်ရန်သာထိုက်တန်ပေမည်။၎င်းမှာဘုရားရှင်၏ကျေးဇူးတော်များကိုသိသာစွာငြင်းပယ်ခြင်း၏ရလဒ်ဖြစ်သောကြောင့် ခုတ်ပစ်ခံရခြင်းမှာဘုရားရှင်သည် တရားမျှတပေသည်။မိမိရဲ့ဘဝမှာ အသီးအနည်းငယ်မျှသာသီးခြင်းဟာမိမိဟာကျေးဇူးတော်အခြေအနေမှာရှိသော်လည်း၊သင်ဘုရားရှင်၏အလိုတော်ကိုလုပ်ဆောင်ရန်ပျင်းရိနေသေးသောကြောင့်ဖြစ်သည်။မိမိရဲ့ဘဝမှာကောင်းသောအသီးများစွာသီးပါကဘုရားရှင်သညမိမိအားကျေးဇူးတော်များပေးရသည်ကိုကျေနပ်အားရနေပေမည်။ဘုရားရှင်ရဲ့ကောင်းကင်နိုင်ငံတော်အတွက်ကောင်းသောအသီးများကိုသီးနေပါသလား။ယေဇူးဘုရားရှင်ဟာကျွန်ုပ်တို့ရဲ့နှလုံးသားမြေဆီလွှာကိုပြုစုပျိုးထောင်ဖို့၊သူ့ရဲ့သန့်ရှင်းသောနှုတ်ကပတ်တော်နဲ့ မြေဩဇာကျွေးဖို့၊သူ့ရဲ့စက္ကရမင်တူးတွေနဲ့ရေလောင်းပေးပြီးချစ်ခြင်းအသီးတွေဝေဆာနိုင်ဖို့သူတတ်နိုင်သမျှနေ့စဉ် လုပ်ဆောင်ပေးနေပါတယ်။မိမိတို့ရဲ့ဘဝကိုနိမ့်ချစွာပြန်လည်ဆန်းစစ်ကြည့်ကြပါစို့။ ယေဇူးဘုရားရှင်ရဲ့လုပ်ဆောင်ချက်တွေက သင့်ဘဝမှာဘယ်လောက်အောင်မြင်နေပြီလဲ။အသီးကောင်းများစွာသီးနေပြီလား။
ဤဝါတွင်းကာလမှာယေဇူးဘုရားရှင်မိမိရဲ့နှလုံးသားမှာပြုတဲ့လယ်ထွန်ခြင်းနှင့်တူတဲ့မိမိရဲ့မကောင်းသောအရာများကိုတူးပစ်ခြင်း၊မြေသြဇာကျွေးခြင်းနဲ့တူတဲ့ပါရမီးများကိုကျင့်ကြံခြင်းတွေကို
သတိမူပြီးပြုကျင့်ပါ။မိမိရဲ့နေ့စဉ်ဆုတောင်းခြင်းမှာပိုမိုအာရုံစိုက်ခြင်း၊မိမိရဲ့သြတ္တပ္ပစိတ်ကိုပိုမိုပြည့်စုံစွာစစ်ဆေးခြင်း၊မိမိရဲ့အပြစ်တွေကိုစိတ်ရင်းမှန်ဖြင့်ဝန်ခံခြင်း၊ဘုရားရှင်၏နှုတ်ကပတ်တော်ကိုဖတ်ရှုနားလည်ပြီးလက်တွေ့ကျင့်ခြင်းအားဖြင့်မိမိရဲ့ဘဝဥယျာဉ်မှူးပေးသောကျေးဇူးတော်များနဲ့တတ်နိုင်သမျှပူးပေါင်းလုပ်ဆောင်ပြီးချစ်ခြင်း၊ငြိမ်သက်ခြင်း၊မျှော်လင့်ခြင်းအသီးကောင်းများစွာကိုသီးခြင်းအားဖြင့်ကိုယ်တော်ရှင်ကိုပြုံးပျော်စေသောအသက်တာကိုရှင်သန်သွားကြပါစို့။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar