March 24,2025
Lk 4: 24-30
ဝါတွင်းတတိယအပတ်တနဂ်လာနေ့။
လုကာ ၅း ၂၄-၃၀
Reflection by FMA_Myanmar
“ငါအမှန်ဆိုသည်ကားမည်သည့်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာ မရချေ။”သခင်ခရစ်တော်ဟာကျွန်ုပ်တို့ တစ်ဦးချင်းစီထံသို့မထင်မှတ်သောအချိန်မထင်မှတ်ထားတဲ့သူတွေဆီကနေလာလေ့ရှိတယ်။ကျွန်ုပ်တို့လူသားတွေရဲ့စံသတ်မှတ်ချက်တွေနဲ့ ဘုရားရဲ့စံသတ်မှတ်ချက်ကလုံး၀ကိုကွာခြားနေတယ်ဆိုတာကိုဒီနေ့ကျမ်းစာလေးကမီးမောင်းထိုးပြနေပါတယ်။ကျွန်ုပ်တို့ရဲ့အဆင့်အတန်းခွဲခြားမှု၊အထင်သေးမှု၊မနာလိုစိတ်တွေကတစ်ပါးသူရဲ့ကောင်းမြတ်ခြင်းတွေကိုမြင်တွေ့ဖို့အဟန့်အတားဖြစ်စေရုံသာမကဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းတွေကိုရေတွက်ရင်းကျေးဇူးတင်ဖို့မေ့လျှော့စေပါတယ်။ဘုရားသခင်ဟာသူ့ရဲ့ကြီးမြတ်ခြင်းကို ဒါကြောင့် ဤဝါတွင်းကာလမှာဘုရားရှင်ရဲ့ကျွန်ုပ်တို့အလယ်မှာတည်ရှိခြင်းကိုသတိမူတတ်ဖို့နဲ့ ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ဘဝမှာဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းတွေကိုရရှိခံစားရစေဖို့ငါ၏ဝိညာဉ်သည်ဘုရားသခင်တည်းဟူသောအသက်ရှင်တော်မူသည့်ဘုရားကိုတောင့်တပါ၏။ငါသည်မည်သည့်အခါတွင်ကိုယ်တော်၏ရွှေမျက်နှာတော်ကိုလာရောက်ဖူးမြင်ရပါမည်နည်း။
March 28, 2025
ဝါတွင်းကာလ တတိယပတ်သောကြာနေ့
Mark 12: 28b-34
Reflection by FMA Myanmar