Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-03-24 10:21:47

မတ်လ(၂၅)ရက် အဂ်ါနေ့။
မာရီးယားအားမိန့်တော်ပြန်ခြင်းပွဲ။
လုကာ ၁း၂၆-၃၈
March 25,2025
ANNUNCIATION OF THE LORD
Lk 1:26-38

မယ်တော်သခင်မအားအမိန့်တော်ပြန်ခြင်းပွဲဟာကျွန်ုပ်တို့အပေါ်ဘုရားရှင်ရဲ့နက်ရှိုင်းသောချစ်ခြင်းကိုမီးမောင်းထိုးပေးသလို၊ဘုရားသခင်ရဲ့ကျွန်ုပ်တို့နှင့်အတူရှိလိုသောဆန္ဒကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်။အမီမယ်တော်ဟာမိမိရဲ့နိမ့်ကျတဲ့အဖြစ်ကိုအပြည့်အ၀နားလည်သလို၊သူမလိုသာမန်အမျိူးသမီးလေးတစ်ယောက်အနေနဲ့ဘုရားသခင်ရဲ့ကြီးမားတဲ့ကယ်တင်ခြင်းလုပ်ငန်းကိုပါဝင်လုပ်ဆောင်ဖို့အတွက်လည်းဘယ်တုန်းကမှစဉ်စားဖူးခဲ့မှာမဟုတ်ပါဘူး။သူမရဲ့ဘုရားသခင်အပေါ်ထားတဲ့ယုံကြည်ခြင်းဟာသူမရဲ့သံသယစိတ်နဲ့လူသားတစ်ယောက်ရဲ့ကန့်သတ်ချက်တွေကိုကျော်လွန်ပီးဘုရားရှင်ရဲ့
ကယ်တင်ခြင်းလုပ်ငန်းကိုသတ္တိရှိရှိနဲ့နှိမ့်ချခြင်းအပြည့်ဖြင့်ပါဝင်လုပ်ဆောင်ဖို့ခွန်အားတွေရရှိစေခဲ့တယ်။ကျွန်ုပ်တို့တတွေရောအမိမယ်တော်ရဲ့သားသမီးများပီသစွာမသေချာလှတဲ့ကျွန်ုပ်တို့ရဲ့
အနာဂါတ်ကိုဘုရားရှင်ထံအပ်နှံပီးခရစ်တော်ကိုနီးစပ်သူများထံသယ်ဆောင်သွားနိုင်သောသူများအဖြစ်ကြိုးစားနေထိုင်သွားကြပါစို့။

Daily Reflection